Healthy Life Ad
Health Tips

အကျိုးပြုဘက်တီးရီးယားအကြောင်း သိမှတ်ဖွယ်ရာ

———၊ ငွေကြယ်စင်ယံ ၊———

အကျိုးပြုဘက်တီးရီးယားဆိုတာ အကျိုးပြုစွမ်းရည်တွေရှိတဲ့ Microorganism တစ်မျိုးဖြစ်ပါတယ်။

အစာခြေစနစ်ဟာ ဘက်တီးရီးယားအမျိုးပေါင်း ၅၀ဝ ကျော်ရဲ ့ နေအိမ်ဖြစ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးတဲ့အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေ ဟန်ချက်ညီမျှဖို့ လိုအပ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားဟာ အူလမ်းကြောင်း လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အူအမြှေးပါးတွေကို သန်စွမ်းတင်းရင်းစေပါတယ်။

အကျိုးပြုဘက်တီးရီးယား ပါဝင်မှုများတဲ့ အစားအသောက်တွေက ဒိန်ချဉ်၊ အချဉ်တည်ထားတဲ့ အရွက်တွေ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကညွတ်၊ ကြက်သွန်ဖြူ၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ ပဲနီလေး၊ ကုလားပဲ၊ ပဲနီစေ့ စတာတွေ ဖြစ်ကြပါတယ်။

ကောင်းကျိုးများ

• မိန်းမကိုယ်မှိုစွဲတာကို သက်သာစေပါတယ်။

• ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပါတယ်။

• ကိုယ်ခံစွမ်းအား လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

• ဓာတ်မတည့်မှုကို ကုသပေးပါတယ်။

• ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပါတယ်။

• မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

• ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

• သွေးတိုးကို ကျစေပါတယ်။

• ဝမ်းပျက်လိုက်၊ ဝမ်းလျှောလိုက် မကြာခဏဖြစ်တဲ့ အူရောင်ရမ်းမှု ဝေဒနာလက္ခဏာတွေကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top