Healthy Life Ad
Men

ကားထဲ အဲကွန်းဖွင့်ပြီး အိပ်စက်ခြင်းနှင့် ကျန်းမာရေး

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. ကားထဲအဲကွန်းဖွင့်ပြီး အိပ်စက်တာက ကျန်းမာ ရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲဆရာ။

A. ကားကိုအလုံပိတ်ပြီး အဲကွန်းဖွင့်တာနဲ့ ပတ်သက်ပြီး နှစ်ပိုင်းပြောရပါမယ်။ တစ်ခါတလေကျတော့လည်း ကားမောင်းရင်းနဲ့ အိပ်ငိုက်နေတယ်၊ အဲဒီလိုအိပ်ငိုက်တဲ့အချိန်မှာ ငိုက်ရင်းနဲ့ ကားမမောင်းသင့်ပါဘူး။ ငိုက်ရင်းကားမောင်းရာက ယာဉ်မှောက်တာ၊ ယာဉ်တိုက်တာတွေဖြစ်တယ်လို့ ကြားနေရပါတယ်။ ဒီလိုအခြေအနေမှာ ကားကိုလမ်းဘေးထိုးရပ်ပြီး အဲကွန်းဖွင့်ရင်း အိပ်လိုက်တာရှိပါ တယ်။ တချို့လည်း အရမ်းအိပ်ချင်တဲ့အတွက် ကားရပ်ပြီး အဲကွန်းဖွင့်အိပ်တာလည်းရှိတယ်။ ဒီလိုအခြေအနေမှာ အန္တရာယ်ရှိသလားဆိုရင် ရှိနိုင်ပါ တယ်။ ဒါပေမဲ့ ကားကနေ မီးခိုးတွေထွက်တဲ့ အိပ်ဇောစနစ်က သေချာပြုပြင်မထားဘူး၊ မကောင်းဘူးဆိုရင် အိပ်ဇောကနေ ကာဗိုမိုနော့ဆိုက်ဓာတ်ငွေ့တွေက ကားအတွင်းထဲ ပြန်ဝင်လာတဲ့အခါအိပ်ရင်း၊ အသက်ရှူရင်းနဲ့ အဲဒီဓာတ်ငွေ့တွေကို ရှူမိသွားတယ်။ ဒီလိုအိပ်ရင်းရှူမိရာက ကြာသွားတဲ့အခါ အသက်သေဆုံးသွားနိုင်ပါတယ်။

နောက်တစ်ချက်က ကားထဲကအဲကွန်းအခြေအနေ မကောင်းဘူးဆိုရင် ကားအတွင်းထဲမှာ လေ

“တချို့လည်း အရမ်းအိပ်ချင်တဲ့အတွက် ကားရပ်ပြီး အဲကွန်းဖွင့်အိပ်တာလည်းရှိတယ်။ ဒီလိုအခြေအနေမှာ အန္တရာယ်ရှိသလားဆိုရင် ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကားကနေ မီးခိုးတွေထွက်တဲ့ အိပ်ဇောစနစ်က သေချာပြုပြင်မထားဘူး၊ မကောင်းဘူးဆိုရင် အိပ်ဇောကနေ ကာဗိုမိုနော့ဆိုက်ဓာတ်ငွေ့တွေက ကားအတွင်းထဲ ပြန်ဝင်လာတဲ့အခါ အိပ်ရင်း၊ အသက်ရှူရင်းနဲ့ အဲဒီဓာတ်ငွေ့တွေကို ရှူမိသွားတယ်”

ဝင်လေထွက်မကောင်းပါဘူး။ အဲဒီအခါ ကာဗိုမိုနော့ဆိုက် အဆိပ်သင့်တာဖြစ်ပြီး ကားအတွင်းထဲအိပ်နေသူက အသက်အန္တရာယ်ရှိပါတယ်။

ဥပမာ ဒူဘိုင်းမှာဆို ယာဉ်ထိန်းတွေက ကားထဲမှာတင်တချို့လူတွေ အိပ်ပျော်နေကြတဲ့အတွက် သတိပေးနှိုးဆော်တဲ့အကြောင်း သတင်းလေးတစ်ခု ဖတ်လိုက်ရပါတယ်။ ဒါက အသက်အန္တရာယ် ထိခိုက်မှာစိုးလို့ သတိပေးတဲ့သဘောပါ။

Q. ညကားစီးပြီး ခရီးသွားနေတဲ့သူတွေက ကားထဲမှာအဲကွန်းဖွင့်ပြီး အိပ်နေကြတာများပါတယ်။ အဲဒါဆိုရင်ကော ဘာဖြစ်နိုင်ပါသလဲ ဆရာ။

A. ဟုတ်ပါတယ်။ ညကားစီးပြီး ခရီးသွားနေတဲ့သူတွေအများကြီးပါ၊ ကားထဲမှာအဲကွန်းဖွင့်ပြီး အိပ်တဲ့သူတွေလည်း အများကြီးပါ။ သူတို့ဘာမှမဖြစ်ကြပါဘူး။ ပြောချင်တာက ကားရဲ့အဲကွန်းစနစ်၊ အိပ်ဇောစနစ်ကောင်းနေရင် ဘာမှမဖြစ်ပါဘူး။ ကားရဲ့အဲကွန်းစနစ်နဲ့ အိပ်ဇောစနစ်ကို သေချာလေးစစ်ဆေးဖို့လိုပါတယ်။ ကိုယ်ပိုင်ကားသမားတွေနဲ့ အဝေးပြေးကားပိုင်ရှင်တွေအနေနဲ့ ဒါလေးကို သတိထားပြီး စစ်ဆေးမှုတွေ လုပ်ပေးစေချင်ပါတယ်။

Q. ကားရပ်နားတဲ့နေရာမှာ အိပ်ချင်လို့အိပ်စက်မယ့်သူတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။

A. မှန်ကိုအလုံမပိတ်ဘဲနဲ့ မှန်လေးနည်းနည်းချပြီးတော့ အပြင်က အောက်ဆီဂျင်ဝင်အောင်လုပ်တာကော၊ ကားအတွင်းထဲမှာ အဲကွန်းဖွင့်ပြီး လေတွေကိုလည်ပတ်အောင်လုပ်တာကော နှစ်မျိုးစလုံးလုပ်ပေးရင်တော့ ပိုကောင်းပါတယ်။ ကားကိုတော့ သေချာလော့ခ်ချထားပေးပါ။ ဘာပဲဖြစ်ဖြစ် ကားမောင်းရင်းအိပ်ငိုက်နေတယ်၊ အိပ်ချင်နေတယ်ဆိုတဲ့ အချိန်မှာတော့ ကားမမောင်းသင့်ပါဘူး၊ အရမ်းအိပ်ချင်လို့ ကားထဲမှာအိပ်ပြီဆိုရင်လည်း သတိထားပြီး အိပ်သင့်ပါတယ်။ တတ်နိုင်သမျှ ကိုယ့်ကားရဲ့ကြံ့ခိုင်မှု၊ အဲကွန်းစနစ်ကောင်းမှု၊ အိပ်ဇောစနစ်ကောင်းမှုတွေကို သေချာစစ်ဆေးထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top