Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်ရာ မဖြစ်အောင်…

၊ စူး(ဆေးဝါးတက္ကသိုလ်) ၊

၁ ။ ကိုယ်ဝန်ရင့်လာချိန်မှာ အကြောပြတ်ရာ ပျောက်စေမယ့် ခရင်မ် ဒါမှမဟုတ် ဆီကို အနည်းဆုံး တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။

၂ ။ ကိုယ်ဝန်ဆောင် တတိယသုံးလပတ်မှာ အဝတ်အစားကို သက်သောင့်သက်သာ ခပ်ပွပွဝတ်ဆင်ပါ။ အိပ်ရာခင်းကို သန့်ရှင်းအောင်ထားပါ။

၃ ။ ညအိပ်တဲ့အခါ လက်အိတ်ဝတ်ထားပါ။ ဒါမှအိပ်ရင်း ဗိုက်အရေပြားယားတဲ့အခါ မကုတ်မိမှာပါ။

၃ ။ တစ်နေ့မှာ အနည်းဆုံး သုံးကြိမ် အကြောပြတ်ရာပျောက်စေမယ့် ခရင်မ်/ဆီကို လိမ်းပြီး အရေပြားမှာ နှိပ်ပေးပါ။

၄ ။ အရေပြား ယားယံတဲ့အခါ ဆီများများ လိမ်းပေးပါ။

၅ ။ ကိုယ်ဝန်ဆောင်ချိန် ဒုတိယနဲ့ တတိယသုံးလပတ်ကာလမှာ အရေပြား နှိပ်နယ်တဲ့ ကာလကိုတိုးပေးသွားပါ။

၆ ။ ဒီလို ဗိုက်အရေပြားကို အစိုဓာတ်ထိန်းနိုင်လေလေ အကြောပြတ်ရာကင်းလေလေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top