Healthy Life Ad
Health Tips

ကိုယ်ဝန်ရှိစဉ် နှာမွှန်ခြင်း

ဒေါက်တာတင့်ဆွေ

သမီးအခု ကိုယ်ဝန် ၇ လ ထဲမှာပါ။ နှာအရမ်းမွှန်နေလို့ တခြားဆေးလဲ ရမ်းမသောက်ရဲပါဘူး။ အိပ်တဲ့အခါမှာလည်း ခါးနဲ့တင်ပါးနေရာက ညောင်းညာအားလျော့သလို ဖြစ်နေလို့ ကျေးဇူးပြုပြီး ဆရာ့ဆီက အကြံဉာဏ်လေး တုန့်ပြန်မှုကို မျှော်လင့်နေပါ့မယ် ဆရာ။

Cold medications အအေးမိသက်သာဆေးတွေ အမျိုးမျိုးသုံးကြတာကတော့ Antihistamines (အင်တီဟစ်တမင်း)၊ Decongestants နှာရည်ကျဲဆေး၊ Cough medicines ချောင်းဆိုးပျောက်ဆေး၊ Expectorants ချွဲထွက်ဆေးတွေ ဖြစ်တယ်။ ဒါတွေကို ကောင်းလေမလားလို့ စမ်းသုံးတာမျိုးသာဖြစ်တယ်။ ဆရာဝန်တွေက မညွှန်ပါ။ Acetaminophen (ပါရာစီတမော) ဒါမှမဟုတ် Ibuprofen (အိုင်ဘူပရိုဖင်) ဆေးကို အသက် ၆ လအထက် ကလေးတွေကို ပေးနိုင်ပါတယ်။ ကိုယ်ပူတာကျဖို့နဲ့ အနေရသက်သာစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုတော့ သေစေမှာမဟုတ်ပါ။

အအေးမိတာသက်သက်အတွက် Antibiotics ပဋိဇီဝဆေးတွေ မလိုပါ။ Ear infection နားကိုက်တာ၊ Pneumonia နူမိုးနီးယား၊ Sinusitis ဆိုင်းနပ်စ်တို့လို ဗက်တီးရီးယားဝင်တာ တစ်ခုခုဖြစ်ရင်တော့လိုမယ်။ မလိုဘဲသုံးရင် ဆေးယဉ်တာ၊ ဆေးမတည့်တာ ဖြစ်နိုင်သလို ဆေးဘေးထွက်-ဆိုးကျိုးတွေခံရနိုင်တယ်။ Zinc သွပ်ဓါတ်၊ Vitamin C ဗီတာမင်စီနဲ့ Echina-cea လို Herbal တိုင်းရင်းဆေးမျိုးတွေက ဖြစ်တာကိုရော ကာကွယ်ဖို့အတွက်ပါ အထောက်အကူ ပြုစေတယ်ဆိုပေမယ့် ဆရာဝန်တွေတော့ မတိုက်တွန်းပါ။ အအေးမိတာအတွက် ဆေးမျိုးဟာ Symptomatic treatment လက္ခဏာ သက်သာဆေးမျိုးတွေသာ ဖြစ်တယ်။

ကလေးတွေကိုကုသရတာ လူကြီးတွေနဲ့ကွဲတယ်။ လူကြီးဆေးတွေကို ၅ နှစ်အောက်ကလေးတွေ မပေးတာကောင်းတယ်။ လူကြီးသုံးတွေထဲက Antihistamine (အင်တီ-ဟစ်တမင်း) ဆေးဖြစ်တဲ့ Diphenhydramine ဆေးကတော့ တနှစ်သားကလေးတွေ ကောင်းကောင်းအိပ်စက်စေနိုင်မယ်။ ဆေးကြောင့် စိတ်လှုတ်ရှားတာ၊ အသက်ရှူနှေးတာ၊ စိတ်ပိုင်းလက္ခဏာတွေဟာ ဒီလိုဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တယ်။ Diphenhydramine ဆေးကိုတော့ တစ်နှစ်အထက်ကလေးတွေကိုသာ ပေးနိုင်တယ်။ Aspirin (အက်စ်ပရင်) ဆေးကို ၁၈ နှစ်အောက် ကလေးတွေကိုမပေးပါနဲ့။ ကလေးငယ်လေးတွေအတွက် နှာခေါင်းထဲ အစက်ချရတဲ့ Saline nose drops ဆားရည်ပေးရင် နှပ်-ချွဲကျဲစေမယ်။ ကလေးကြီးရင် Saline nose drops ဆားရည် (စပရေး)ပေးနိုင်တယ်။

Humidified air လေကို အစိုဓာတ်လုပ်ပေးတာ Nasal congestion and runny nose နှာခေါင်းလက္ခဏာတွေကို သက်သာတယ်။ ကလေးကို ရေ၊ အရည်သောက်စေပါ။ လိုတာထက်တော့ ပိုစရာမလိုပါ။ Simple hygiene measures တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ လက်ဆေးတာ၊ အရက်ပြန်ပါတဲ့ လက်ဆေးရည်သုံးတာ ကောင်းတယ်။

Most Popular

Healthy Life Ad
To Top