Healthy Life Ad
Life Style

ကိုယ်ဝန်နှင့်ပတ်သက်၍ အမျိုးသမီးတို့ သိသင့်သည့် အချက် ၅ ရပ်

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

သင်က ကိုယ်ဝန်ဆောင်နေရသူ ဒါမှမဟုတ် ကိုယ်ဝန်ရှိဖို့ ပြင်ဆင်နေသူ ဒါမှမဟုတ် လောလောဆယ် လက်ထပ်ထားသူဖြစ်ရင် ကိုယ်ဝန်နဲ့ပတ်သက်ပြီး ကြိုတင်သိထားသင့်တဲ့ အချက်တွေကို အကြံပြုပါရစေ။

(၁) သင်က ကိုယ်ဝန်ဆောင်ထားသူ မဟုတ်ဘဲ ကိုယ်ဝန်မလိုချင်သေးရင် ထိရောက်တဲ့ သန္ဓေတားနည်းကိုသုံးပြီး ကိုယ်ဝန်မရအောင် ကြိုးစားသင့်ပါတယ်။

(၂) သင်က ကိုယ်ဝန်ရှိရင် မိဘနဲ့ကလေးဖခင်ကို အရင်ဆုံးအသိပေးပါ။ သူတို့ရဲ့ အားပေးထောက်ပံ့မှုကို ရရှိတာက ပျော်ရွှင်ကြည်နူးစေပါတယ်။ သင့်အနေနဲ့ အများရဲ့ ချစ်ခင်ယုယမှုကို ရရှိလေလေ၊ အောင်မြင်တဲ့ ကိုယ်ဝန်ရရှိနိုင်လေလေပါ။

(၃) ကိုယ်ဝန်ရှိနေပြီဆိုရင် သားဖွားမီးယပ်အထူးကု ဆရာဝန်ထံ ဗိုက်အပ်ရပါမယ်။ ပြီးရင် ဆရာဝန်ညွှန်ကြားတဲ့ လမ်းညွှန်ချက်တွေကို သေချာမှတ်သားလိုက်နာသင့်ပါတယ်။

(၄) ကိုယ်ဝန်ရှိချိန်ကစပြီး ငွေရေးကြေးရေးကို စုဆောင်းသင့်ပါပြီ။ ဒါမှသာ ငွေကြေးအတွက် စိတ်ပူပန်နေရတာမျိုး မဖြစ်မှာပါ။ မိဘဆိုတဲ့နေရာကို ရွေးချယ်လိုက်ပြီဆိုရင် သားသမီးကို လူလားမြောက်တဲ့အထိ ပြုစုပျိုးထောင်ရတော့မှာ ဖြစ်ပါတယ်။ သားသမီးကို ပြုစုပျိုးထောင်ဖို့အတွက် ချစ်ခြင်းမေတ္တာ၊ အချိန်နဲ့ စီးပွားဥစ္စာတွေလည်း လိုအပ်ပါတယ်။ ဒါတွေပိုင်ဆိုင်ထားမှသာ ပူပင်သောကကင်းကင်းနဲ့ ခိုင်မြဲတဲ့ ကိုယ်ဝန်ကိုဆောင်နိုင်မှာပါ။

(၅) ကိုယ်ဝန်ဆောင်ရင်း မိန်းမကိုယ်က သွေးဆင်း/ရေဆင်းတာ၊ ဗိုက်အောင့်တာ စတဲ့ ဝေဒနာတွေကြုံရင် သားဖွားမီးယပ် ဆရာဝန်ထံအမြန်ဆုံးသွားပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top