Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် အန်လွန်းလို့ ဘာစားရမလဲ..

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကိုယ်ဝန်စဆောင်ချိန်မှာ နေလို့မကောင်း၊ အန်ပဲ အန်ချင်နေလို့ ဘာမှလည်း မစားချင်ပါဘူး။ မစားတော့လည်း အားပြတ်လို့ ဘာစားပေးရင်ရမလဲ။

A. ကိုယ်ဝန်ဆောင်တဲ့အချိန် နေရထိုင်ရတာ သက်သောင့်သက်သာမရှိဆုံးအချိန်ကတော့ Morning Sickness ဖြစ်တဲ့အချိန်ပါပဲ။ ဒီလက္ခဏာက ကိုယ်ဝန်သုံးလမပြည့်ခင် အချိန်မှာဖြစ်တတ်ပြီး ကိုယ်ဝန်ရင့်လာရင်တော့ တဖြည်းဖြည်းသက်သာသွားပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်သုံးလအတွင်း ဒီလိုဖြစ်လာရင် ဘာတွေစားသင့်လဲဆိုတော့ ဘီစကစ်အငန်မုန့်၊ ခရင်မ်ခရက်ကာတို့ကို အိပ်ရာဘေးမှာထားပြီး မနက်နိုးလာတာနဲ့ စပြီး စားပေးရပါမယ်။ ဒီလိုဆို အန်ချင်တဲ့စိတ် နည်းနည်းသက်သာသွားပါမယ်။ တစ်ခါစားရင် နှစ်ချပ်လောက်ပါပဲ။ စားပြီးရင် ပြန်နားနေလိုက်ပါ။ ရေနည်းနည်း ဒါမှမဟုတ် နွားနို့နည်းနည်း သောက်ပေးနိုင်ပါတယ်။ ပြီးရင် အိပ်ရာထဲ ခဏပြန်လှဲနေလိုက်ပါ။ အငန်မုန့်စားလို့ သွေးမတိုးပါဘူး။ နည်းနည်းနဲ့ ခဏခဏစားလို့ ရပါတယ်။ ကြက်ဥစားမယ်ဆိုလည်း အကာဖြစ်ဖြစ်၊ အနှစ်ဖြစ်ဖြစ် တစ်မျိုးကို နည်းနည်းစားပေးပါ။ တစ်ခါစားရင် အများကြီးမစားပါနဲ့။ တစ်နေ့ကို ၆-၈ ကြိမ်စားလို့ရပါတယ်။ ရှောင်ရမှာက အဆီများတဲ့အစာ၊ ဟင်းအနှစ်နဲ့ အကြော်တွေကို အတတ်နိုင်ဆုံး ရှောင်ရမှာပါ။

Most Popular

Healthy Life Ad
To Top