Healthy Life Ad
Health Tips

အသံဝင်နေလျှင်

– လရိပ်မေ

အသံဝင်တာက ရက်ပိုင်းပဲဆိုရင် ပြန်ကောင်းလာစေဖို့ အနားယူပေးရပါမယ်။ အသံကို အလွန်အမင်းအသုံးပြုပြီး အော်တာ၊ ငိုတာ၊ သီချင်းဆိုတာ၊ စကားပြောတာတွေ တစ်ခုမှ မလုပ်သင့်ပါဘူး။ ဒီအချိန်မှာ အသံမထွက်ဘူးဆိုပြီး ညှစ်အော်လေလေ ပိုဆိုးလေလေဖြစ်တာကြောင့် အသံကို အနားယူပေးပါမယ်။ အသံအမြန်ဆုံး ပြန်ထွက်စေဖို့နဲ့ ပင်ကိုအသံအတိုင်းဖြစ်စေဖို့ အောက်ပါတို့ကို လိုက်နာပေးပါ။

– စကားကို လေသံလေးနဲ့ ပြောတာကိုတောင် မလုပ်ပါနဲ့။

– တချို့က အသံဝင်ရင် လည်ချောင်း ရှင်းတတ်ပါတယ်။ လည်ချောင်း ခဏခဏမရှင်းပါနဲ့။

– အနားယူပါ။

– လည်ချောင်းနာရင် လည်ချောင်းကို မာဖလာပတ်ပြီး နွေးနွေးထွေးထွေးနေပါ။

– အခန်းထဲကလေကို ရေငွေ့ဓာတ်များအောင် Humidifying လုပ်ပါ၊

– ရေ-အရည် များများသောက်ပါ။

– အရက်မသောက်ပါနဲ့။ အယ်လ်ကိုဟောပါတဲ့ အရည်တွေကို ရှောင်ရပါမယ်။

– ဆေးလိပ် မသောက်ပါနဲ့။

– အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top