Healthy Life Ad
Women

အသားဖြူစင်ဝင်းပစေမည့် အရေပြားကြေးချွတ်နည်း

လရိပ်မေ

အရေပြားကို ကြေးချွတ်တာက အရေပြားရဲ့ အပြင်ဘက်ဆုံးအလွှာက ဆဲလ်သေတွေကို ကွာကျစေပြီး အသားအရေကိုတောက်ပစေပါတယ်။ အရေပြားဆဲလ်ဟောင်းတွေက ကီရာတင် (Keratin) တွေနဲ့ ပြည့်နေပါတယ်။ တဖြည်းဖြည်းနဲ့ ဆဲလ်သေအလွှာက စုပုံနေပြီး အရေပြားမှာ ကြမ်းတမ်းတဲ့ အလွှာတစ်လွှာဖြစ်လာကာ အရေပြားညစ်နွမ်းတယ်လို့ ထင်ရစေပါတယ်။ ဒါပေမဲ့ ဒီဆဲလ်တွေက အရေပြား ရဲ့ကာကွယ်ရေးလုပ်ငန်းမှာလည်း အရေးပါနေတဲ့အတွက် အလွန်အမင်းကြေးချွတ်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ အိမ်လုပ်သဘာဝကြေးချွတ်ပစ္စည်း နဲ့ ကြေးချွတ်ပေးတာက အရေပြားကျန်းမာတောက်ပစေတဲ့ နည်းလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝကျတဲ့ ကြေးချွတ်ပစ္စည်းတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

သကြားနဲ့သြဂဲနစ်အဆီစစ်စစ်တို့ကို ရောပြီး အရေပြားကိုလိမ်းကာ ကြေးချွတ်ပေးတာဖြစ်ပါတယ်။ ဆား၊ ကော်ဖီစေ့မှုန့်နဲ့ သြဂဲနစ်အဆီတို့ကိုရောပြီး ကြေးချွတ်တဲ့နည်းကိုလည်းသုံးနိုင်ပါတယ်။ ဒီနည်း ကိုသုံးဖို့ အဆင်မပြေသူတွေအတွက် ဒုတိယနည်းကို သုံးပါ။

ဆော်ဒါမှုန့်ကို ရေနဲ့ရောပြီး မျက်လုံးတစ်ဝိုက်ကို ချန်ကာမျက်နှာတစ်ပြင်လုံးအနှံ့လိမ်းပြီး ကြေးချွတ်ပေးနိုင်ပါတယ်။ ဒီလိုကြေးချွတ်ပေးတာကို တစ်ကိုယ်လုံးအနှံ့ပြုလုပ်ပေးတဲ့အခါ လက်မောင်း၊ တံတောင်ဆစ်၊ ခြေကျင်းဝတ်၊ခြေဖနောင့်နဲ့ ခြေထောက်နေရာရှိ အရေပြားဆဲလ်သေတွေကိုပါ ကင်းဝေးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top