Healthy Life Ad
Life Style

ဗက်ဆလင်းအလှဆီ၏ အလှအပအစွမ်း

လရိပ်မေ

မင်းသမီး ဂျနီဖာလိုပက်ဇ်ဟာ ဗက်ဆလင်းအလှဆီကို မိတ်ကပ်ဖျက်ဆေးအဖြစ် သုံးပါတယ်။ အဆိုတော်ဘီရွန်စေးက ဒီအလှဆီနဲ့ မျက်တောင်တွေကို ကော့လေ့ရှိပြီး မင်းသမီးဂျွန်ကောလင်းက သူမရဲ့ခြေဖနောင့်နဲ့ လက်တံတောင်တွေလို ခြောက်သွေ့နေတဲ့ အရေပြားနေရာတွေ နူးညံ့ပျော့ပျောင်းသွားစေဖို့ ဗက်ဆလင်းအလှဆီ လိမ်းလေ့ရှိပါတယ်။ ဗက်ဆလင်းအလှဆီ (Vaseline)မှာ သင်ထင်မှတ်မထားတဲ့ အသုံးဝင်မှုတွေရှိနေတာကို အံ့အားသင့်ဖွယ် တွေ့နိုင်ပါတယ်။

မျက်တောင် သန်စွမ်းစေခြင်း

မျက်တောင်ပေါ်မှာ မက်စ်ကာရာကို အထပ်ထပ်အခါခါ ဆိုးမယ့်အစား ဘီရွန်းစေးနဲ့ ချာရိုင်းတို့ဟာ မျက်တောင်တွေပေါ် ဗက်ဆလင်းအလှဆီဆိုးပြီး ကြည်လင်တောက်ပအောင် လုပ်ပါတယ်။ မျက်တောင်ရှည်တဲ့သူတွေအတွက် တကယ်အလုပ်ဖြစ်တဲ့နည်းပါ။ မျက်တောင်မရှည်ရင် အရင်ဆုံး မက်စ်ကာရာထူထူဆိုးပြီး အပေါ်ကနေ ဗက်ဆလင်း အလှဆီထပ်ဆိုးပေးပါ။

အသားအရေ တောက်ပစေခြင်

ဗက်ဆလင်းအလှဆီ လိမ်းတာကြောင့် ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ မျက်ခွံတွေနဲ့ ပါးရိုးတွေပေါ်မှာ ဗက်ဆလင်းအလှဆီ အစက်အနည်းငယ်လိမ်းပြီး တောက်ပကြည်လင်အောင် လုပ်ဆောင်သင့်ပါတယ်။

ပွဲတက်အလှ ရရှိစေခြင်း

သင်အနှစ်သက်ဆုံး အိုင်းရှဲဒိုးနဲ့ ဗက်ဆလင်း အလှဆီအနည်းငယ် ပေါင်းစပ်လိုက်ပါ။ ပြီးရင် မျက်ခွံပေါ်မှာ လိမ်းထားတဲ့ အိုင်းရှဲဒိုးပေါ်မှာ ဗက်ဆလင်းအလှဆီ အနည်းငယ်သုတ်လိမ်းပြီး အပြင်ဘက်ကိုဆွဲပေးပါ။ ဒါဆိုရင် မျက်ခွံအရောင်ကို မီးခိုးရောင်သမ်းစေနိုင်ပါတယ်။ အိုင်းရှဲဒိုးနဲ့ ဗက်ဆလင်းအလှဆီကိုရောပြီး သုတ်လိမ်းရင် မျက်ခွံပေါ်မှာ အရောင်ကြာကြာခံစေပါတယ်။

နှုတ်ခမ်းနီ စွဲမြဲစေခြင်း

ဘီရွန်းစေးလုပ်လေ့ရှိတဲ့နည်းက နှုတ်ခမ်းသားနဲ့ ရှေ့သွားကြားထဲမှာ ဗက်ဆလင်းအလှဆီ ဆွတ်ပေးတာပဲဖြစ်ပါတယ်။ ဗက်ဆလင်းမှာ သွားဖြူစေတဲ့အာနိသင်မရှိပေမယ့် နှုတ်ခမ်းနီတွေသွားမှာ စွန်းပေတာမျိုးမဖြစ်အောင် အကာအကွယ်ပေးပါတယ်။

ဆံပင်သား ချောမွေ့လှပစေခြင်း

ဆံပင်ခြောက်တာ၊ ဖွာလန်ကြဲတာနဲ့ ဆံပင်ပျက်စီးတာတို့ သက်သာစေဖို့ ဗက်ဆလင်းအလှဆီ အနည်းငယ်ကို နွေးသွားအောင် လက်ချောင်းတွေကြားထဲ ပွတ်သပ်ပြီး ဆံပင်တွေပေါ် လိမ်းပေးပါ။ ဆံပင်အဖျားနှစ်ခွကွဲတဲ့ ပြဿနာပြေလည်ဖို့ ဆံပင်လိမ်းဆီ သုတ်လိမ်းပေးပါ။ ဆံပင်အရောင်မဆိုးခင် ဆံစပ်လိုင်းတစ်လျှောက် ဗက်ဆလင်းအလှဆီလိမ်းပေးရင် မျက်နှာပေါ် ဆံပင်ဆိုးဆေး မစွန်းထင်းစေပါဘူး။

မျက်ခုံးမွေး သန်စွမ်းထူထဲစေခြင်း

မျက်ခုံးတွေပေါ် ဗက်ဆလင်းအလှဆီလိမ်းပြီး ဘီးနဲ့ဖြီးပေးတာကြောင့် သန်စွမ်းထူထဲစေပါတယ်။

လက်သည်းခြေသည်း ကြည်လင်စေခြင်း

ဗက်ဆလင်းအလှဆီကို လက်သည်း၊ ခြေသည်းပေါ် တစ်ပတ်တစ်ကြိမ် တိုက်ရိုက်သုတ်လိမ်းပေးတာကြောင့် လက်သည်းခြေသည်းကို ကြည့်ကောင်းစေပါတယ်။

ရှူးဖိနပ် တောက်ပစေခြင်း

ဗက်ဆလင်းအလှဆီဟာ လက်စွပ်တွေကျပ်နေတာ ပြေလျော့စေပြီး လက်သည်းညှပ်တွေ ကျပ်လွန်းတာကိုလည်း ချောင်ချိသွားစေပါတယ်။ ဗက်ဆလင်းအလှဆီက သားရေရှူးဖိနပ်ကိုလည်း တောက်ပသွားစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top