Healthy Life Ad
Health Tips

အိပ်မပျော်စေနိုင်သော အံ့အားသင့်ဖွယ်ရာ အကြောင်းရင်းလေးရပ်

၊ လရိပ်မေ ၊

ဘာကြောင့်အိပ်မပျော်တာလဲဆိုတာကို အကြောင်းရှာမရတဲ့သူတွေအတွက် အံ့အားသင့်ဖွယ်တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပူလွန်းသော ခေါင်းအုံး

အေးမြတဲ့ခေါင်းအုံးပေါ်မှာ ခေါင်းချပြီး အိပ်စက်နားနေတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး အိပ်ငိုက်စေနိုင်ပါတယ်။ ပစ္စဘာ့ဂ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အေးမြတဲ့ခေါင်းအုံးနဲ့ အိပ်စက်သူတွေက အချိန် ၁၃ မိနစ်အတွင်း အိပ်မောကျတတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှုကိုနှေးစေပြီး ပြည့်ပြည့်ဝ၀ အနားရစေတာကြောင့် ဖြစ်ပါတယ်။

(၂) လပြည့်ည

လပြည့်ညဆိုရင် လူအများစုဟာ အိပ်ရာထဲမှာ လူးလှိမ့်လိုက်၊ ဟိုဘက်ဒီဘက်လှည့်လိုက်နဲ့ ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။ လပြည့်ညမတိုင်ခင်နဲ့ လပြည့်ကျော် ညလေးရက်အတွင်း လူတွေနှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကို တွေ့ရပါတယ်။ အဲဒီညတွေမှာ မိနစ် ၂၀အိပ်ချိန်နည်းပြီး မယ်လ်တိုနင်ဟော်မုန်းလျော့နည်း နေကြပါတယ်။

(၃) လေ့ကျင့်ခန်း လုံးဝမလုပ်ဖြစ်ခြင်း

လေ့ကျင့်ခန်းက လူတွေကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ လတ်တလောလေ့လာမှုအရ လေ့ကျင့်ခန်းကို စတင်ပြုလုပ်ခဲ့တဲ့ အိပ်မပျော်တဲ့ ဝေဒနာရှိသူတွေဟာ အချိန်ကြာကြာ အိပ်မောကျပြီး စွမ်းအင်အဆင့် မြင့်တက်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအာနိသင်ကို လေ့ကျင့်ခန်းလုပ်ပြီး နှစ်လအကြာမှာ သိသိသာသာ တွေ့ရပါတယ်။ တစ်နေ့မှာ အနည်းဆုံး မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းလုပ်ပါ။

(၃) ဆေးတစ်လက် စတင်သောက်ခြင်း

အိပ်မပျော်တဲ့ ဝေဒနာက သွေးတိုးကျဆေး၊ စိတ်ကျရောဂါကုသဆေးနဲ့ စတီးရွိုက်ဆေး စတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးသစ်တစ်မျိုးကို စတင်မှီဝဲပြီးချိန်မှာ အိပ်မပျော်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။

(၄) သင့်အိပ်ရာထဲ အိမ်မွေးတိရစ္ဆာန်ခုန်တက်ခြင်း

တိရစ္ဆာန်ဓာတ်မတည့်မှု အသေးအမွှားရှိသူတွေတောင် ခေါင်းအုံးနဲ့အိပ်ရာခင်းတွေမှာ အိမ်မွေးတိရစ္ဆာန်အမွှေးတွေနဲ့ အညစ်အကြေးတွေကပ်ငြိနေရင် နှာခေါင်းပိတ်တာနဲ့ နှာချေတာတို့ ဖြစ်နိုင်ခြေများပါတယ်။ ဒီဝေဒနာတွေရတဲ့အခါ အိပ်ပျော်ဖို့ ခက်သွားပါတော့တယ်။ လေ့လာမှုတစ်ရပ်အရ အိပ်စက်ချိန်မှာ တိရစ္ဆာန်တွေက အနှောင့်အယှက်ပေးတယ်လို့ အမွှေးထူတဲ့ တိရစ္ဆာန်တွေနဲ့အတူ အိပ်စက်သူ လူနာတစ်ဝက်ကျော်က ဝန်ခံပြောဆိုကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top