Healthy Life Ad
Health Tips

ညဘက် ကောင်းမွန်စွာ အနားရစေရန်

နေ့ခင်းဘက်မှာ စွမ်းအားအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင် ညဘက်မှာ အပြည့်အဝအနားရဖို့ လိုအပ်ပါတယ်။ တစ်နေ့လုံးလှုပ်ရှားထားရတဲ့ ခန္ဓာကိုယ်နွမ်းနယ်မှု ပျောက်သွားပြီး အပန်းပြေသွားအောင် ညဘက်မှာ အနားယူပေးဖို့ အရေးကြီးပါတယ်။

(၁) အိပ်ရာမဝင်ခင် အပန်းဖြေဖို့အတွက် အချိန်တစ်နာရီပေးပါ။ အဲဒီအချိန်မှာ သတင်းကြည့်တာ၊ အီးမေးပြန်ဖြေတာတွေကို မလုပ်သင့်တော့ပါဘူး။ စာဖတ်ခြင်းနဲ့ သီချင်းချိုချိုအေးအေးလေးတွေ နားထောင်ခြင်းတွေကို ပြုလုပ်ပေးပါ။

(၂) စိတ်က အပန်းပြေပြီး ခန္ဓာကိုယ်က တင်းကျပ်ဖိစီးနေရင် အကြောလျှော့ပေးပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ လည်ပင်း၊ ပခုံးနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားတွေ အနားရနိုင်အောင် အကြောလျှော့ပေးပါ။ အိပ်ရာမဝင်ခင် အမျိုးသမီးတွေအနေနဲ့ ၃-၅ ပေါင်ခန့်လေးတဲ့ အလေးပြား၊ အမျိုးသားတွေအနေနဲ့ ၅- ၁၀ ပေါင်ခန့်လေးတဲ့ အလေးပြားကို မ,ပေးရင် ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေပါတယ်။

(၃) ညစာစားချိန်နဲ့ အိပ်ချိန်ကြား အနည်းဆုံး သုံးနာရီကွာပါစေ။ ဗိုက်ပြည့်နေရင် ဦးနှောက်က ကောင်းကောင်းအိပ်မောကျနိုင်မှာ မဟုတ်ပါဘူး။ နေ့လယ်စာကို ကောင်းကောင်းစားပြီး ညနေခင်းမှာ ပေါ့ပါးတဲ့ ညစာကို စောစောစားပေးပါ။ ညအိပ်ရာဝင်ချိန် မတိုင်ခင် ဗိုက်ဆာနေသေးရင် ပရိုတင်းပါတဲ့ သရေစာနဲ့ နွားနို့သောက်ပေးပါ။

Most Popular

Healthy Life Ad
To Top