Healthy Life Ad
Health Tips

အလုပ်တွင် နာမကျန်းခွင့်ကို ရှောင်လွှဲနိုင်ရန် အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အလုပ်မှာ နာမကျန်းဖြစ်တဲ့အတွက် မကြာခဏ ခွင့်ယူနေရပါသလား။ ညစဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတာကြောင့် မကြာခဏ နာမကျန်းဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

တစ်ညအိပ်ချိန် ၇-၈ နာရီရှိတဲ့သူတွေက နာမကျန်းမှုဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းမှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

အရွယ်ရောက်သူတစ်ဦးအတွက် အကောင်းဆုံး အိပ်စက်ချိန်ဟာ တစ်ညခြောက်နာရီထက် မနည်းသင့်သလို ကိုးနာရီထက်လည်း မများသင့်ဘူးလို့ လေ့လာသူတွေက ဆိုထားပါတယ်။ အကောင်းဆုံးအိပ်ချိန်က အမျိုးသမီးတွေအတွက် ၇ နာရီ ၃၈ မိနစ်နဲ့ အမျိုးသားတွေအတွက် ၇ နာရီ ၄၆ မိနစ်ဖြစ်တယ်လို့ နောက်ထပ်လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

ဒီလေ့လာမှုဟာ ဖင်လန်က အသက် ၃၀ နဲ့ ၆၄ နှစ်ကြား အမျိုးသားနဲ့ အမျိုးသမီး ၃၇၆၀ ဦးကို လေ့လာစစ်တမ်းကောက်ခံထားတာ ဖြစ်ပါတယ်။

အိပ်မပျော်တာကြောင့် နာမကျန်းမှုဖြစ်တာ၊ ကျန်းမာရေးယိုယွင်းပျက်စီးတာ စတာတွေနဲ့ ဆက်စပ်ပြီး အလုပ်ပျက်နှုန်းများတယ်လို့ ဖင်းနစ်ရဲ ့ လုပ်ငန်းခွင်လေ့လာမှုတစ်ခုအရ သိရပါတယ်။

အိပ်ရေးဝ၀အိပ်စက်အနားယူတာက အလုပ်သမားတွေရဲ ့ ကျန်းမာရေးနဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရုံသာမက နာမကျန်းမှုကြောင့် ခွင့်ယူရတဲ့ အလုပ်ပျက်ရက်ကိုပါ မရှိစေပါဘူး။

Most Popular

Healthy Life Ad
To Top