Healthy Life Ad
Health Tips

အိပ်စက်မှုဆိုင်ရာ ပြဿနာဖြစ်စေသော အကျင့်ဆိုးများ

မကြာခဏ အိပ်စက်မှုပြဿနာတွေ ကြုံရတာက မကောင်းတဲ့အလေ့အကျင့်တွေကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအလေ့အကျင့်တွေကတော့-

(၁) အိပ်ရာထနောက်ကျတာ၊

(၂) ညနေခင်းမှာ ကော်ဖီသောက်တာ၊

(၃) အိပ်ရာမဝင်ခင် အစာအများကြီးစားတာ၊

(၄) ကိုလာ၊ အယ်လ်ကိုဟောတို့လို အရည်များများသောက်တာ၊

(၅) ခန္ဓာကိုယ်လှုပ်ရှားမှုမရှိဘဲ ထိုင်ခုံမှာ ရက်အတော်များများထိုင်ပြီး အချိန်ဖြုန်းတာ၊

(၆) အိမ်ပြင်ပမှာ အချိန်နည်းနည်းပဲဖြုန်းတာ၊

(၇) ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တီဗီဇာတ်လမ်းတွေကြည့်တာ၊

(၈) ကိုယ်မထိန်းချုပ်နိုင်တဲ့ အကြောင်းအရာတွေကို တွေးတောပြီး စိတ်ပူပန်နေတာ၊

(၉) မိတ်ဆွေသူငယ်ချင်းတွေနဲ့ ညဉ့်နက်တဲ့အထိ ချက်တင်ပြောတာတို့ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top