Healthy Life Ad
Life Style

အိပ်မက်ဆိုးမှ လွတ်မြောက်အောင်

လရိပ်မေ

အဆင့် (၁) ညဘက်တွင် ထိတ်လန့်ဖွယ်ရာဇာတ်လမ်းများမကြည့်သင့်
ညဘက်မှာ ကြမ်းတမ်းတဲ့ဇာတ်လမ်း၊ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာဇာတ်လမ်းတွေကို ရှောင်ပြီး သင့်ကိုပျော်ရွှင်ကာ ရယ်မောစေနိုင်တဲ့ ဇာတ်လမ်းတွေကိုကြည့်ပါ။

အဆင့် (၂) ဒေါသဖြင့် အိပ်ရာမဝင်သင့်ပါ
သင့်အနေနဲ့ ရန်ဖြစ်အငြင်းပွားပြီး မကျေမနပ်ဖြစ်နေရင်၊ အဲဒီစိတ်နဲ့ အိပ်ရာမဝင်ပါနဲ့။ အိပ်မက်ဆိုးမက်စေနိုင်သလို အိပ်ရာနိုးတဲ့အချိန်မှာလည်း ဒေါသထွက်နေနိုင်ပါတယ်။ အိပ်ရာမဝင်ခင်ကတည်းက ဒေါသနဲ့မကျေနပ်မှုတွေကိုဖြေလျှော့လိုက်ပါ။

အဆင့် (၃) ပျော်ရွှင်ခဲ့သော အချိန်၊ နေရာတို့ကို ပြန်စဉ်းစားကြည့်ပါ
အိပ်မက်ဆိုးကြောင့် နိုးထလာရင် အတိတ်ကာလက ပျော်ရွှင်ခဲ့စဉ် အခိုက်အတန့်၊ ပျော်ရွှင်စေတဲ့ သူနဲ့ပျော်ရွှင်စေခဲ့တဲ့ နေရာတွေအကြောင်း စဉ်းစားတွေးတောလိုက်ပါ။ အိပ်မက်ဆိုးမက်တဲ့ အကြိမ်အများစုက စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့အတွက် သင့်ကို ပျော်ရွှင်ရယ်မောစေတဲ့ အဖြစ်အပျက်ကို အကောင်းမြင်စိတ်နဲ့ တွေးတောရင်း စိတ်ဖိစီးမှုကို ဖြေလျှော့သင့်ပါတယ်။

အဆင့် (၄) မအိပ်မီ ၁၅-၂၅ မိနစ်အတွင်း လျှပ်စစ်ပစ္စည်းများ မသုံးသင့်ပါ
အိပ်ခါနီးစိတ်ကို လှုံ့ဆော်မှုများလွန်းတာက ညဘက်ကောင်းကောင်း အိပ်မောမကျနိုင်ပါဘူး။ မအိပ်ခင် မီးပိတ်ပြီး နူးညံ့တဲ့တေးသီချင်းကို နားထောင်ပါ။ ကျယ်လောင်တဲ့ တီဗီသံနဲ့ ဆူညံတဲ့ တေးသီချင်းတွေကို အိပ်ခါနီးနားမထောင်ပါနဲ့။

အဆင့် (၅) အိပ်မက်အကြောင်းချရေးပေးပါ
အိပ်မက်ဆိုးမက်တယ်ဆိုရင် မက်တဲ့အိပ်မက်ကိုချရေးလိုက်ပါ။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြလိုက်ပါ။ စာအုပ်ထဲမှာ ရေးတာကတော့ သင်ဘယ်လို ခံစားရတယ်ဆိုတာ ဖော်ပြနိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top