Healthy Life Ad
Women

ကိုရီးယားနိုင်ငံ၏ ထုံးစံမဟုတ်သည့် အသားအရေထိန်းနည်းရှစ်မျိုး

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

အလှအပနဲ့ပတ်သက်လာရင် တောင်ကိုရီးယားနိုင်ငံရဲ့ အလှအပနည်းလမ်းတွေက ရေပန်းစားပါတယ်။ အာရှလှပျိုဖြူတွေဆိုရင် ကိုရီးယားနိုင်ငံထုတ် အသားအရေထိန်း ပစ္စည်းတွေကို နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲလေ့ ရှိကြပါတယ်။ သူတို့ဆီက ထူးဆန်းပြီး လူသိနည်းတဲ့ အသားအရေထိန်းနည်းတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

အသားအရေ စိုပြည်ချောမွေ့စေမည့် အဆီ (Horse butter)

လူနဲ့ မြင်းအဆီရဲ့ ဓာတုတည်ဆောက်ပုံက အလွန်ဆင်တူတဲ့အတွက် ဒီအဆီလိမ်းရင် အသားအရေ စိုပြည်ရုံသာမက အနာသေးသေးလေးတွေ ကျက်စေပြီး အမာရွတ်တွေကို ပျောက်စေတယ်လို့ သိရပါတယ်။

မြွေဆိပ်က အကောင်းဆုံးဆေး

မြွေဆိပ်လို့ အညွှန်းတပ်ထားတဲ့ ပုလင်းကို ဘယ်သူ ဝယ်ရဲသလဲ။ တောင်ကိုရီးယားမှာတော့ ဆိုင်တွေပေါ် မြွေဆိပ်ပုလင်းရောက်ပြီဆိုတာနဲ့ မိနစ်ပိုင်းအတွင်း ပစ္စည်းပြတ်သွားတာပါပဲ။ သူတို့ဆီမှာ ရှေးကတည်းက သဘာဝမြွေဆိပ်မှာ အနာကျက်အစွမ်းရှိတယ်ဆိုပြီး အယူရှိပါတယ်။ မြွေဆိပ်က အရေပြား ရောဂါဝေဒနာတွေကို အနာကျက်စေပြီး အရေပြားအခြေအနေကို အကောင်းဘက် ရောက်စေတယ်လို့ ဆိုပါတယ်။

ရွှေမျက်နှာပေါင်းတင်ဆေး (24-carat mask)

မျက်နှာကို ရွှေသွင်းတယ်ဆိုတာ ကြားဖူးမှာပေါ့။ ခေတ်မီဖက်ရှင်ကျတဲ့ အမျိုးသမီးတွေက ဒီပေါင်းတင်ဆေးနဲ့ ပေါင်းတင်တတ်ကြပါတယ်။

အသားဖြူစေသည့် ခရင်မ် (Caviar cream)

မနက်ခင်းမှာ မျက်နှာပေါ် ခရင်မ်အလုံးနှစ်လုံးကို အစိုဓာတ်ထိန်းခရင်မ်အဖြစ် လိမ်းပြီး ညနေခင်းမှာ ခရင်မ်သုံးလုံးကို လိမ်းပေးပါ။ အသားအရေကို ပြုပြင်ထိန်းသိမ်းနိုင်ပြီး ဖြူဝင်းလှပစေပါတယ်။ ဒါကို၁၀ဝ ရာခိုင်နှုန်း သဘာဝအဖြစ် ကိုရီယားအလှကုန် ပညာရှင်တွေက ဆိုထားပါတယ်။

ကိုရီးယားချိစ်ခရင်မ် (Cheese cream)

ချိစ်လိုမျိုး လုပ်ထားပြီး အသားအရေစိုပြည်ကာ အားသစ်လောင်းပေးတဲ့ ခရင်မ်အမျိုးအစား ဖြစ်ပါတယ်။ ချစ်သူ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းနဲ့ ချိန်းဆိုမှုကို မသွားခင် ငါးမိနစ်အလိုမှာ ကပ်ပြီးမသုံးရပါဘူး။

အိပ်ခါနီး ပေါင်းတင်ဆေး

ညမအိပ်ခင် လိမ်းရတဲ့ ပေါင်းတင်ဆေးဖြစ်ပြီး မနက်အိပ်ရာထချိန် မျက်နှာသစ်ပေးရတာပါ။ ကိုရီးယားအလှကုန် လုပ်ငန်းတွေက နဂါးသွေးကို အခြေခံပြီး ထုတ်ထားတဲ့ ဒီပေါင်းတင်ဆေးက တကယ်နုပျိုလန်းဆန်း ငယ်ရွယ်စေတယ်ဆိုပြီး ပြောထားပါတယ်။

မိတ်ကပ်ထဲ ဒိုင်ဗင်ထိုးခြင်း

တောင်ကိုရီးယားရဲ့ အလှအပ လှည့်စားနည်း တစ်ခုလို့ဆိုရမှာပါ။ Primer Toner နဲ့ Concealer သုံးမျိုးလိမ်းပြီး ဘေဘီပေါင်ဒါလိမ်းပါ။ ပြီးရင် ရေအေးထဲကို အချိန် ၁၅-၃၀ စက္ကန့်ကြာနှစ်ထားပါ။ပြီးရင် တစ်သျှူးနဲ့သုတ်လိုက်ပါ။ မိတ်ကပ်တွေ တစ်နေ့လုံးခံတာကို တွေ့ရှိရပါလိမ့်မယ်။

ဆံပင်ပါးသူတို့ အုံထူစေမည့် နည်

ဆံပင်ပါးတဲ့ မိန်းကလေးတွေအဖို့ ဆံပင်အုံ မထူထူအောင် အနည်းဆုံး အချိန် တစ်နာရီလောက်
ပေးပြီး ထိန်းသိမ်းပြုပြင်ရတတ်ပါတယ်။ အဲဒီနည်းကတော့ ဆံပင်ထူအောင် လိပ်တံသေးသေးလေးနဲ့ ဖြီးသင်ပေးရတာပါ။ ဆံပင်အရင်းကနေ အဖျားအထိထူလာစေမယ့် ရှမ်ပူကို သုံးပြီး ခေါင်းလျှော်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top