Healthy Life Ad
Life Style

မျက်နှာပေါ်က အမည်းစက်များကို ဖယ်ရှားနိုင်မည့် နည်းလမ်းများ

———၊ လရိပ်မေ ၊———

မျက်နှာပေါ်မှာ အပြစ်အနာအဆာတွေရှိနေတာက အသားအရေကို အလှပျက်စေနိုင်ပါတယ်။ အသားအရေ ထိန်းသိမ်းမှုမကောင်းတာကြောင့် အသားအရေရဲ့ ချောမွေ့မှု ထိခိုက်ပြီး ကြည်လင်နေတဲ့ အရေပြားပေါ်မှာ ကြည့်ရဆိုးတဲ့ အမည်းစက်တွေ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အမည်းစက်တွေ ကင်းစင်စေဖို့ သင့်တော်တဲ့ ထိန်းသိမ်းမှုတွေ လုပ်ဖို့လိုပါတယ်။

• ရေထဲမှာ စန္ဒကူးမှုန့်ကို ရောမွှေထည့်ပြီး အမည်းစက်ရှိတဲ့ အရေပြားနေရာပေါ်မှာ လိမ်းပေးပါ။

• ကြက်သွန်ဖြူနဲ့ ချင်း(ဂျင်း)ကို စားပေးတာကလည်း အသားအရေပေါ်က အပြစ်အနာအဆာတွေကို လျော့ပါးစေပါတယ်။

• ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်ရှိသွားအောင် နေ့စဉ် ရေ ၆- ၁၀ ဖန်ခွက် သောက်ပေးပါ။

• အသားအရေကြည်လင်အောင် လေ့ကျင့်ခန်းကို အသင့်အတင့် လုပ်ပေးတာကလည်း အသုံးဝင်ပါတယ်။

• အမျှင်ဓာတ်ပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

• ခေါင်းအုံးစွပ်ကို မကြာခဏ အသစ်လဲပေးပါ။ ချွေးထွက်တာကြောင့် ခေါင်းအုံးစွပ်ပေါ်မှာ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ အညစ်အကြေးတွေ ကပ်ညိနေနိုင်ပါတယ်။

• ညတိုင်း ဗီတာမင်အီး ဒါမှမဟုတ် အနံ့မရှိတဲ့ ကြက်ဆူဆီကို လိမ်းပေးပါ။

• ပျားရည်က ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် အရေပြားပေါ်က အပြစ်အနာအဆာတွေအတွက် ကောင်းမွန်ပါတယ်။ ပျားရည်ပါတဲ့ လိမ်းဆေးကို လိမ်းပေးပါ။

• ရှလကာရည် တစ်ဆ၊ ရေရှစ်ဆရောပြီး မျက်နှာပြင်ပေါ်လိမ်းကာ သန့်စင်ပေးပါ။

မျက်နှာပေါ်က အမည်းစက်တွေ၊ အပြစ်အနာအဆာတွေ ကင်းစင်တာက အသားအရေကို ကြည်လင်လှပစေပြီး လှပကြည့်ကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top