Healthy Life Ad
Health Tips

အသားအရေ အလွန်အမင်းအိုမင်းမှုမဖြစ်စေရန် ကာကွယ်နိုင်မည့် ဘဝနေနည်း ၈ ရပ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အသက်ကြီးလာပေမယ့် အိုမင်းမှုဖြစ်စဉ်နှေးအောင် ကာကွယ်နေထိုင်လို့ရပါတယ်။ အရေးကြောင်းထင်တာနဲ့ အရေပြားတွဲကျတာတို့လို အိုမင်းမှုတွေမဖြစ်ဖို့ နေ့စဉ်နေထိုင်တဲ့ ဘဝမှာ လိုက်နာသင့်တဲ့ နေထိုင်စားသောက်နည်းတွေ ရှိပါတယ်။

alignnone size-medium wp-image-63771
(၁) တစ်နေ့တာ အစားအသောက်ထဲ ဘယ်ရီသီးထည့်စားပါ

ဓာတ်တိုးမှုကြောင့် အသားအရေအိုမင်းတာနဲ့ အရေပြားမှာ မှဲ့ခြောက်ထင်တာတို့ ဖြစ်တတ်ပါတယ်။ ဘယ်ရီသီးအနွှယ်ဝင်ဖြစ်တဲ့ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး စတာတွေကို ပုံမှန်စားပေးပါ။ ဘယ်ရီသီးတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အိုမင်းမှုကို တွန်းလှန်ပေးပါတယ်။

alignnone size-medium wp-image-63772
(၂) သကြားစားသုံးမှုကို ထိန်းချုပ်ပါ

လတ်တလောလေ့လာမှုအရ သကြားများများစားတာက ကိုယ်တွင်းအိုမင်းမှုဖြစ်စဉ်ကို မြန်ဆန်စေပြီး မျက်ကွင်းညိုခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ အရေးကြောင်းထင်ခြင်းတို့ကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အိုမင်းမှုကို တွန်းလှန်နိုင်ဖို့ သကြားစားသုံးမှုကို လျှော့ချသင့်ပြီး အချိုရည်တွေနဲ့ သကြားကဲတဲ့ အစားအစာတွေကို ထိန်းချုပ်စားသင့်ပါတယ်။ ရေဆာရင် ရေပဲသောက်ပေးပါ။

alignnone size-medium wp-image-63773
(၃) ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး မအိပ်သင့်ပါ

ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး မှောက်အိပ်ရင် သင်အိပ်စက်တဲ့ အမူအကျင့်ကို ချက်ချင်းပြောင်းသင့်ပါတယ်။ လေ့လာမှုများစွာအရ ခေါင်းအုံးပေါ် မှောက်အိပ်တာကြောင့် အရေးကြောင်းထင်စေတယ်လို့ သိရပါတယ်။ အရေးကြောင်းအတွက် အကောင်းဆုံးကုသမှုဆိုတာ ကာကွယ်မှုဖြစ်တာကြောင့် မှောက်အိပ်တဲ့အကျင့်ကို ဆင်ခြင်သင့်တာပါ။

alignnone size-medium wp-image-63774
(၄) သွေးတွင်းကယ်လ်ဆီယမ်အဆင့်ကို စစ်ဆေးပါ

ကယ်လ်ဆီယမ်က အရိုးတွေအတွက် ကောင်းစေသလို စောစောအိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးတဲ့အရာလည်း ဖြစ်ပါတယ်။ ကိုယ်တွင်းမှာ ကယ်လ်ဆီယမ်အလုံအလောက်ရှိနေရင် အရိုးတည်ဆောက်ပုံကို ခိုင်မာစေပြီး ကျက်သရေရှိရှိ တင့်တယ်စေလို့ပါ။

alignnone size-medium wp-image-63775
(၅) လက်ဖက်စိမ်းလက်ဖက်ရည်ကို အကောင်းဆုံးမိတ်ဆွေအဖြစ် ထားပါ

လက်ဖက်စိမ်းလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေနုပျိုကြည့်ကောင်းစေပါတယ်။ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် အရေပြားနီမြန်းမှုကို လျော့ပါးစေပြီး အသားအရေစပ်ဖျဉ်းဖျဉ်းဖြစ်တာကို သက်သာစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်ကို ပုံမှန်သောက်တာကြောင့် အသားအရေ တင်းရင်းကျန်းမာစေပါတယ်။ လက်ဖက်အိတ်တွေကို မျက်ဝန်းပေါ်ကပ်ပေးရင် မျက်ကွင်းညိုတာနဲ့ ဖောင်းအစ်တာကို လျော့ပါးစေပါတယ်။

alignnone size-medium wp-image-63776
(၆) အချိန်ကြာကြာ ရေနွေးနဲ့ ရေမချိုးသင့်ပါ

ရေနွေးသုံးပြီး အချိန်ကြာကြာ ရေချိုးတာက အသားအရေထိခိုက်စေပြီး အရေပြားခြောက်သွေ့စေပါတယ်။ အရေးကြောင်းထင်တာနဲ့ အရေပြားလျော့တွဲတာတို့လို အိုမင်းမှုလက္ခဏာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရေချိုးချိန်ကို ခပ်တိုတိုထားပြီး အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းကို ကြာကြာလုပ်ဆောင်ပေးသင့်ပါတယ်။

alignnone size-medium wp-image-63777
(၇) နေဒဏ်ကာကွယ်ပါ

ပူပြင်းတဲ့ နေရောင်ခြည်က အိုမင်းခြင်းဖြစ်စဉ်ကို တိုးစေပြီး နေဒဏ်ထိတာများလေလေ၊ စောစောအိုလွယ်လေလေ ဖြစ်ပါတယ်။ နေဒဏ်ကာကွယ်ဖို့ နေ့စဉ်နေကာခရင်မ်ကို မှန်မှန်လိမ်းပေးပါ။ အန္တရာယ်ရှိတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်တာက အိုမင်းမှုဖြစ်စဉ်ကို နှေးအောင် လုပ်ဆောင်နိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-63778
(၈) တရားထိုင်ပြီး စိတ်ဖိစီးမှုကို တွန်းလှန်ပါ

စိတ်ဖိစီးမှုများတာက ကိုယ်တွင်းအိုမင်းမှုဖြစ်စဉ်ကို တိုးစေပါတယ်။ စိုးရိမ်သောကများတာနဲ့ အတွေးလွန်တာကလည်း အရွယ်မတိုင်ခင် အိုမင်းမှုဖြစ်စေတဲ့ အကြောင်းတစ်ရပ်ပါ။ စိတ်ဖိစီးမှုကတော့ ဖြစ်မှာပါပဲ။ စိတ်ဖိစီးမှုခံစားရတဲ့အခါ တရားထိုင်တဲ့နည်းနဲ့ အာရုံကြောတွေကို အနားရအောင် လုပ်ပေးပါ။ ဒီအခါမှာ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်စေတဲ့အတွက် စိတ်ခံစားမှုကောင်းစေပါတယ်။ ဒါက အိုမင်းမှုကို ကာကွယ်ဟန့်တားပေးတဲ့ နည်းတစ်ရပ်လည်း ဖြစ်ပါတယ်။

alignnone size-medium wp-image-63779

Most Popular

Healthy Life Ad
To Top