Healthy Life Ad
Health Tips

အမြင့်တက်ရခြင်းကြောင့် နာမကျန်းမှုအတွက် ရှေးဦးကုထုံး

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)
အမြင့်ပေ ၂၅၀ဝ နဲ့ အထက်ကို တက်ရတာကြောင့်ဖြစ်တဲ့ ကျန်းမာရေး ထိခိုက်မှုအခြေအနေကို Altitude Sickness လို့ ခေါ်ပါတယ်။ အဲဒီလို အမြင့်ကိုတက်ရတာကြောင့် ခေါင်းကိုက်တာနဲ့ အန်တာတွေလိုမသက်သာတဲ့ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒါဟာ အမြင့်ကိုတက်ရတဲ့အချိန်မှာ ဖိအားအပြောင်းအလဲနဲ့ အောက်ဆီဂျင်ပမာဏ လျော့ကျမှုတို့ကို ခန္ဓာကိုယ်က လိုက်ပါညှိနှိုင်းနိုင် စွမ်းခက်ခဲတာကြောင့် ဖြစ်ရတာပါ။ အမြင့်ကြောင့် နာမကျန်းမှုဖြစ်တဲ့ အခြေအနေအတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ရက်ပေါင်းများစွာ ကြာမယ့် တောင်တက်တာကိုရှောင်ပါ။ တောင်တက်ရင်း နာမကျန်းမှုဖြစ်လာရင် လမ်းက ယာယီစခန်းမှာ ဝေဒနာတွေ သက်သာတဲ့အထိ အနားယူပါ။

တောင်တက်နေချိန်အတောအတွင်းမှာ စီးကရက်နဲ့ အရက်ကို ရှောင်ပါ။

ပါရာစီတမောကို သင့်တော်တဲ့ပမာဏ သောက်သင့်ပါတယ်။

အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်တာကြောင့် သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို လျော့ကျစေနိုင်ပါတယ်။

အမြင့်တက်တာကြောင့် ပြင်းထန်တဲ့ နာမကျန်းမှုတွေ ခံစားရရင် ချက်ချင်း မီတာ ၅၀ဝ-၁၀ဝ၀ လောက်နိမ့်တဲ့နေရာကို ပြန်ဆင်းပါ။

ခန္ဓာကိုယ်တွင်း အရည်စုပုံမှုလျော့ကျစေဖို့ ဆီးများများသွားအောင် ဆီးဆေးဆောင်သင့်ပါတယ်။

အောက်ဆီဂျင်ဘူးကိုဆောင်ထားပါ။ လိုအပ်ရင် အောက်ဆီဂျင်ဘူးနဲ့ ရှူသင့်ပါတယ်။

တောင်တက်မယ်လို့ ရည်ရွယ်ထားသူတွေအနေနဲ့ မိမိကိုယ်ကိုယ်ကြံ့ခိုင်သန်စွမ်းအောင် ကြိုးစားသင့်ပါတယ်။ အမြင့်တက်တာကြောင့် လူတိုင်းနာမကျန်းမှုဖြစ်စေနိုင်တဲ့အတွက် အမြင့်ကို ဖြည်းဖြည်းချင်းပဲ တက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top