Healthy Life Ad
Health Tips

နွေအပူကို အံတုနိုင်မည့် ကျန်းမာလှပ နည်းလမ်းကောင်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နွေဦးကာလဟာ ပူလာပါပြီ။ အပူရှိန်က ပြင်းတာကြောင့် အပူဒဏ်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ နေမကောင်းတာ၊ မလန်းဆန်းတာ စသဖြင့် ကျန်းမာရေး ထိခိုက်မှုတွေ ခံစားရတတ်သလို အသားအရေမှာလည်း နေလောင်တာ၊ ခြောက်သွေ့တာ၊ ညိုမည်းတာ စတဲ့ အပြစ်အနာအဆာတွေ ထင်ရတတ်ပါတယ်။ နွေဘယ်လောက်ပူပူ နွေကာလ တစ်လျှောက်လုံးကြုံရမယ့် အပူဒဏ်ကို သက်သောင့်သက်သာ အံတုကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းတွေကို အကြံပြုချင်ပါတယ်။

– အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အလွန်အမင်း ပူပြင်းလာရင် ယောဂကျင့်စဉ်ဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်းကို မိနစ်အနည်းငယ် လုပ်ဆောင်လိုက်ပါ။ လုပ်ရမယ့်နည်းက နှာခေါင်းကနေ အသက်ဝ၀ ရှူသွင်းပေးပါ။ အသက်ရှူ အောင့်ထားပြီး နှာခေါင်းကနေ လေပြန်ထုတ်ပါ။ ၅-၁၀ ကြိမ်လောက် ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

– မွေ့ရာက အေးမြနေပါစေ

နွေရာသီရောက်လာရင် မွေ့ရာပေါ်မှာ ဖျာတစ်ချပ်ခံပြီး အပေါ်က အိပ်ရာခင်းခင်းကာ အိပ်ပါ။

– လေအေးစေရန် လုပ်ဆောင်ပါ

ရေအေးနှစ်ပုလင်းကို ပန်ကာရှေ့မှာ ချထားလိုက်ရင် တစ်ခန်းလုံးရှိလေတွေ အေးမြနေပါလိမ့်မယ်။

– ရှားစောင်းလက်ပပ်လိမ်းပါ

ရှားစောင်းလက်ပပ်အနှစ်သားက အရေပြားနေလောင်ဒဏ်ရာရတာကို သက်သာစေပြီး အေးမြတဲ့ အာနိသင်ရှိတဲ့အတွက် အပူဒဏ်ကို တွန်းလှန်နိုင်စွမ်းရှိပါတယ်။

– ပူစပ်သော အစာများကိုရှောင်ပါ

နွေရာသီမှာ ချွေးထွက်များပြီး ပူအိုက်နေရင် ပူစပ်တဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။ ပူစပ်တဲ့ အစာတွေကို စားတာကြောင့် သွေးလှည့်ပတ်မှုကောင်းမွန်ပြီး ချွေးထွက်များစေပါတယ်။ ပူစပ်တဲ့ ငရုတ်သီးထဲမှာပါဝင်တဲ့ ကပ်ဆိုက်စင်ဓာတ်ဟာ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတာမျိုးမရှိဘဲ ချွေးများများထွက်စေတယ်လို့ ဒေါက်တာ Oz က ဆိုပါတယ်။

– ဖိအားပေးသော အမှတ်များကို ရေခဲရေပုလင်း ကပ်ပေးပါ

လက်ကောက်ဝတ်၊ ခြေချင်းဝတ်နဲ့ ဒူးနောက်ဘက်တွေမှာ ရေခဲရေပုလင်း ဖိကပ်ပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချသင့်ပါတယ်။

– ရေအေး ချိုးပါ

ရေအေးကိုသုံးပြီး မကြာခဏ ရေချိုးတာကြောင့် ခန္ဓာကိုယ်အပူချိန် လျှော့ချနိုင်ကာ ချွေးတွေကင်းစင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top