Healthy Life Ad
Health Tips

စိတ်ရောကိုယ်ပါအေးချမ်းစေမည့် တရားထိုင်နည်း အဆင့် ၁၀

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) အချိန်ရအောင်ယူပါ

နေ့တိုင်း စိတ်တည်ငြိမ်မှုရအောင် တရားထိုင်နိုင်ဖို့ အချိန်ရအောင် ယူပါ။ အနှောင့်အယှက်ကင်းတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဖြစ်ဖို့ လိုပါတယ်။

(၂) အချိန်မှတ်ထားပါ

တရားထိုင်ခါစမှာ ငါးမိနစ်နဲ့စတင်ပါ။ အကျင့်ရလာတာနဲ့ ၁၅-၄၀ မိနစ်အထိ တဖြည်းဖြည်း အချိန်တိုးပြီး တရားထိုင်ပေးပါ။

(၃) သက်သောင့်သက်သာရှိသော အနေအထား ရွေးပါ

ကြမ်းပြင်ပေါ် တင်ပလ္လင်ခွေထိုင်တဲ့အနေအထားက သက်သောင့်သက်သာအရှိဆုံး ဖြစ်ပါတယ်။

(၄) အသက်ပြင်းပြင်း ရှူသွင်း / ရှူထုတ်ပါ

အသက်ပြင်းပြင်း ရှူသွင်း / ရှူထုတ်တာက ခန္ဓာကိုယ်ကို အပန်းပြေစေပြီး စိတ်တည်ငြိမ်စေပါတယ်။

(၅) ကိုယ်ဟန်အနေအထား စစ်ဆေးပါ

ထိုင်ရင် ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီး လက်တွေက သက်သောင့်သက်သာရှိတဲ့ အနေအထားမျိုး ဖြစ်ရပါမယ်။ လည်ပင်းနဲ့ မေးစေ့ကို ဖြောင့်တန်းပြီး ပခုံးတွေကို ဖြေလျှော့ထားပါ။ မျက်လုံးမှိတ်ထားပါ။

(၆) ဝင်လေထွက်လေ မှတ်ပါ

ဝင်လေထွက်လေမှတ်ပြီး အာရုံစူးစိုက်မှု တည်ငြိမ်အေးချမ်းအောင် သတိထားပါ။

(၇) အတွေးများကို ဖယ်ထုတ်ပါ

ဝင်လေထွက်လေမှတ်ချိန်မှာ အတွေးတွေ၊ ခံစားချက်တွေ၊ အဟန့်အတားတွေ ပေါ်လာတိုင်း ဖယ်ထုတ်ပစ်ပါ။

(၈) အဆင့် ၆ နှင့် ၇ ကို ထပ်ခါတလဲလဲ လုပ်ပါ

တရားထိုင်ချိန်မှာ အဆင့် ၆ နဲ့ ၇ ကိုပဲ မပျင်းမရိ အာရုံစိုက်ပေးပါ။

(၉) ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ

ကိုယ်သတ်မှတ်ထားတဲ့ အချိန်စေ့သွားပြီဆိုရင် ဒါမှမဟုတ် အလွန်ပင်ပန်းလာရင် အနားယူလိုက်ပါ။

(၁၀) စိတ်ခံစားမှုကောင်းရရှိစေရန် ကြိုးစားပါ

ဒီအချိန်မှာ ပုံမှန်တခြားအချိန်တွေထက် စိတ်ခံစားမှုကောင်းနေတာကို သတိထားမိပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top