Healthy Life Ad
Life Style

စိတ်ထဲကဖယ်ထုတ်ပစ်ရမည့် အလုပ်မတွင်စေသော အကျင့် ၇ ရပ်

(၁) အပြစ်ကင်းစင်လိုခြင်း

ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင် ကြိုးစားနေချိန်မှာ စင်းလုံးချောဖြစ်ဖို့ မမျှော်မှန်းသင့်ပါဘူး။ ဒီလိုအပြစ်ကင်းဖို့ မျှော်လင့်တာက အလုပ်မတွင်စေတဲ့ အကျင့်တစ်ခုပါ။

(၂) ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေအပေါ် ဝေဖန်ပြစ်တင်လိုခြင်း

ဘာပဲလုပ်လုပ် မကောင်းတဲ့အရည်အချင်းတွေ ပေါ်မှာချည်း အာရုံစိုက်မနေပါနဲ့။ ဝေဖန်ပြစ်တင်တတ်တဲ့စိတ်က အလုပ်မတွင်စေပါဘူး။

(၃) ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေခြင်း

အောင်မြင်ပါ့မလားဆိုပြီး သံသယဝင်တာက အဆိုးဆုံးအမူအကျင့်ပါ။

(၄) စိုးရိမ်စိတ်များခြင်

စိုးရိမ်စိတ်များတာက ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ထိခိုက်စေတာကလွဲလို့ ဘာမှကောင်းလာစရာ မရှိပါဘူး။

(၅) အဆိုးဆုံးအရာဖြစ်လာမယ်လို့ ထင်မြင်နေခြင်း

အရာရာတိုင်း ပိုကောင်းမယ်လို့ မတွေးရင် ပိုကောင်းလာစရာလည်း မရှိတတ်ပါဘူး။ ဒါကြောင့် အကောင်းဆုံးအရာကိုပဲ မျှော်လင့်ပါ။

(၆) အဆိုးတွေကိုပဲ မြင်နေခြင်း

အဆိုးဆုံးအရာတွေကို အာရုံစိုက်နေချိန်မှာ ပျော်ရွှင်မှုရရှိမှာ မဟုတ်ပါဘူး။

(၇) အရာရာကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း

အဆိုးနဲ့ကြုံတဲ့အခါ ဘယ်လိုပြန်ကောင်းအောင် လုပ်ရမလဲဆိုပြီး မထိန်းချုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့သာ ဘောင်ခတ်နေမိပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top