Healthy Life Ad
Life Style

ကျန်းမာခြင်း=စိတ်ချမ်းသာခြင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာ ရက်ရောပြီး ကြင်နာတတ်တဲ့ ဘုရင်တစ်ပါးရှိလေသတဲ့။ ဘုရင်ကြီးက ပျင်းရိပြီး အစာစားတာနဲ့ အိပ်စက်တာကလွဲလို့ ဘာကိုမှမလုပ်တဲ့အတွက် တိုင်းသူပြည်သားတွေမှာ မပျော်မရွှင်ဖြစ်နေရှာသတဲ့။

ဘုရင်ကြီးက စားတာနဲ့ အိပ်တာကလွဲလို့ နေ့ပေါင်းများစွာ၊ သီတင်းပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ဘာမှမလုပ်ဘဲ နေလာတဲ့အခါ ခန္ဓာကိုယ်ကလည်း လေးလံသထက်လေးလံလာပါတယ်။ တိုင်းသူပြည်သားတွေမှာလည်း ဘုရင်ကြီးရဲ ့ ကျန်းမာရေးကို စတင်စိတ်ပူနေပါတော့တယ်။

တစ်နေ့မှာတော့ ဘုရင်ကြီးက သူ့တစ်ကိုယ်လုံး၊ ခြေထောက်တောင်မှ မလှုပ်ရှားနိုင်တော့တာကို စတင်သတိထားမိလာပါသတဲ့။ သူက အလွန်အမင်း ဝလာပြီး တိုင်းတပါးက ရန်သူတွေက သူ့ကို “ဖက် တီးဘုရင်” ၊ “ငပျင်းဘုရင်”ဆိုပြီး လှောင်ပြောင်ရယ်သွမ်းသွေးကြပါတော့တယ်။

ဘုရင်ကြီးက တိုင်းပြည်အမျိုးမျိုးက ကျွမ်းကျင်ဆေးပညာရှင်တွေကို ဖိတ်ခေါ်ပြီး သူ့ကို ကျန်းမာကြံ့ခိုင်အောင် လုပ်ပေးနိုင်သူကို ရက်ရက်ရော ရောဆုချီးမြှင့်မယ်လို့ မိန့်လိုက်ပါတယ်။ ဒါပေမဲ့လည်း ဘယ်သူမှ သူ့ကိုမကူညီနိုင်ခဲ့ပါဘူး။

သာယာတဲ့ မနက်ခင်းတစ်ခုမှာတော့ ဥပဓိရုပ်သန့်ပြန်တဲ့ အမျိုးသားတစ်ဦးက ဘုရင်ကြီးရဲ ့တိုင်းပြည်ကို အလည်လာခဲ့ပါတယ်။ ဘုရင်ကြီးရဲ ့ကျန်းမာရေးမကောင်းသတင်းကို ကြားတဲ့အခါ မူးမတ်ကို သူအလွယ်တကူ ကုပေးနိုင်တယ်လို့ လျှောက်တင်ခဲ့ပါတယ်။ ဒီကတိစကားကြားတဲ့အခါ မူးမတ်လည်း အလွန်ပျော်ရွှင်ပြီး ဘုရင်ကြီးကို ပြန်လျှောက်တင်ခဲ့ပါတယ်။

သန့်ပြန့်တဲ့ ထိုအမျိုးသားက ဝေးလံတဲ့ အရပ်မှာနေထိုင်သူဖြစ်တယ်။ ဘုရင်ကြီးက တစ်ကိုယ်လုံး မလှုပ်ရှားနိုင်လို့ သူ့ဆီလာကုပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ သန့်ပြန့်တဲ့ အမျိုးသားက ငြင်းဆန်တယ်။ သူ့ဆီကို ဘုရင်ကြီးက ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်ပြီး လာမှသာ ပျောက်ကင်းအောင် သူကုပေးနိုင်မယ်လို့ ကတိပေးတယ်။

စိတ်အားထက်သန်နေတဲ့ ဘုရင်ကြီးလည်း ကျန်းမာချင်တဲ့အတွက် သွားကုဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူက အိပ်ရာထဲကနေ ခြေတလှမ်းတောင် မရွေ ့နိုင်ခဲ့ဘူး။ သူ့နောက်လိုက် နောက်ပါတွေကတွဲပြီး ဘုရင်ကြီး စတင်ရပ်ခဲ့ရတယ်။ ဖြည်းဖြည်းချင်း ခြေလှမ်းလှမ်းကာ ထိုအမျိုးသားဆီသွားခဲ့တော့ အဲဒီအမျိုးသားက ရှိမနေခဲ့ဘဲ နောက်တစ်နေ့ ပြန်ချိန်းခဲ့တယ်။

နှစ်ပတ်လောက်ကြာတဲ့အထိ ဘုရင်ကြီးမှာ ဘာကုသမှုမှမရ၊ ဆေးဆရာကိုလည်း မတွေ ့ရသေးဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဘုရင်ကြီးက ကိုယ်အလေးချိန်ကျလာပြီး နေရထိုင်ရတာ ပေါ့ပါးလာတယ်။ ဆေးဆရာက ဘာကြောင့် လမ်းလျှောက်လာခိုင်းတယ်ဆိုတာ ဘုရင်ကြီး နားလည်သဘောပေါက်သွားခဲ့ပါတယ်။

များမကြာခင်မှာ ဘုရင်ကြီးရဲ ့ ကျန်းမာရေး ပြန်ကောင်းလာပြီး တိုင်းသူပြည်သားတွေလည်း ပျော်ရွှင်သွားကြပါတော့တယ်။

Most Popular

Healthy Life Ad
To Top