Healthy Life Ad
International

တစ်နေ့ ကြက်ဥတစ်လုံး၊ ခြောက်လကြာစားရုံဖြင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းဆောင်တာကို အားကောင်းစေနိုင်

၊ လရိပ်မေ ၊

ကလေးတွေကို ကြက်ဥကျွေးတာက ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ တစ်နေ့မှာ ကြက်ဥတစ်လုံးကို ခြောက်လကြာ စားပေးရုံနဲ့ ကလေးတွေမှာ ကိုလင်းဓာတ်နဲ့ DHA ဓာတ်ရရှိစေပြီး အဲဒီအာဟာရဓာတ်နှစ်မျိုးလုံးက ဦးနှောက်ကျန်းမာရေးကောင်းမွန်စေတယ်လို့ လေ့လာမှုအရသိရပါတယ်။ ကလေးတွေကို ကြက်ဥကျွေးရင် ကြီးထွားမှု အားကောင်းစေပြီး လူကောင်သေးတာကို မဖြစ်စေဘူးလို့ အရင်လေ့လာမှုအရ သိထားပြီးဖြစ်ပါတယ်။

“နွားနို့ ဒါမှမဟုတ် အစေ့အဆန်လိုပဲ ကြက်ဥတွေက ကလေးတွေငယ်ရွယ်ချိန် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အာဟာရဓာတ်ကိုပေးပါတယ်”လို့ ဝါရှင်တန်တက္ကသိုလ်က လော်ရာက ဆိုပါတယ်။ “ကြက်ဥတွေက တခြားတိရစ္ဆာန်ထွက် အစားအသောက်တွေနဲ့ယှဉ်ရင် မရှိမဖြစ် ဖက်တီးအက်စစ်၊ ပရိုတင်း၊ ကိုလင်း၊ ဗီတာမင်အေနဲ့ ဗီတာမင် B12၊ ဆီလီနီယမ်နဲ့ တခြားအရေးပါတဲ့ အာဟာရဓာတ်တွေကို ရရှိစေတဲ့အတွက် ပိုစားသင့်ပါတယ်”လို့ ယင်းက ဆက်လက်ပြောကြားထားပါတယ်။

၂၀၁၅ ခုနစ်မှာ အီကွေဒေါက အသက်ခြောက်လနဲ့ ကိုးလကြား ကလေး ၁၆၃ဦးကို တစ်နေ့ ကြက်ဥတစ်လုံးနဲ့ ခြောက်လကြာကျွေးခဲ့တဲ့ လေ့လာမှုအရ ကြက်ဥဟာ ကလေးငယ်ရဲ့ စောစောစီးစီးကြီးထွား ဖွံ့ဖြိုးသန်စွမ်းမှုကို အားပေးကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုကို အမေရိကန်အာဟာရဆေးဂျာနယ်မှာ ဖော်ပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top