Healthy Life Ad
Health Tips

နံရံပေါ် တွယ်တက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နံရံတွေပေါ် တွယ်တက်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်တော့မယ်ဆိုရင် အန္တရာယ်ကင်းပြီး စိတ်ချရအောင် ခန္ဓာကိုယ်ကို မြဲမြံစွာ ချည်နှောင်ထားရပါမယ်။ နံရံရဲ့ အမြင့်နဲ့ အထူအပါးကို ချိန်ဆပြီး ဒီလေ့ကျင့်ခန်းပြုလုပ်ပေးရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

နှလုံးသွေးကြောကျန်းမာစေပါတယ်
နံရံပေါ်တွယ်တက်တဲ့ လေ့ကျင့်ခန်းလုပ်ရင် နှလုံးသွေးလှည့်ပတ်မှုကောင်းစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းသန်စွမ်းစေပါတယ်
နံရံပေါ် တွယ်တက်တဲ့ လေ့ကျင့်ခန်းလုပ်ရင် တစ်ကိုယ်လုံးထိန်းနိုင်ဖို့ လက်မောင်းတွေကို အဓိက အားပြုရပါတယ်။ အပေါ်တက်နိုင်ဖို့ ခြေထောက်အကူအညီလည်း အဓိက လိုအပ်နေပြန်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းကော အောက်ပိုင်းကိုပါ သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းပါ။ လက်မောင်းတွေကို ပုံကျလှပစေပြီး တင်ပါး၊ ခါးအောက်ပိုင်းနဲ့ ပခုံးတွေကိုပါ သန်စွမ်းစေပါတယ်။

တစ်ကိုယ်လုံး သန်စွမ်းပျော့ပျောင်းစေပါတယ်
နံရံပေါ်တွယ်တက်တဲ့ လေ့ကျင့်ခန်းက အဆစ် တွေကို ကောင်းကောင်း လှုပ်ရှားနိုင်စေပြီး တစ်ကိုယ်လုံး သန်စွမ်းပျော့ပျောင်းစေပါတယ်။

စိတ်ဖိစီးမှု လျော့ကျစေပါတယ်
နံရံပေါ်တွယ်တက်တာက စိတ်ဖိစီးမှုအဆင့်ကို လျှော့ချနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ နံရံပေါ်တွယ်တက်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ပျော်ရွှင်မှုဟော်မုန်း အင်ဒေါ်ဖင် အထွက်တိုးစေပြီး စိတ်ဓာတ်ကျတာကို လျော့ပါးစေပါတယ်။

ဉာဏ်ရည်ထက်မြက်စေပါတယ်
နံရံပေါ်တွယ်တက်တာကြောင့် တစ်ကိုယ်လုံးက ကြွက်သားတွေကို လေ့ကျင့်ပေးရုံသာမက ဦးနှောက်ကိုလည်း လေ့ကျင့်ပေးသလို ဖြစ်စေပါတယ်။ နံရံပေါ်တွယ်တက်ရင်း အတားအဆီးတွေကိုကျော်ဖြတ်ဖို့ ကြိုးစားသင်ယူနိုင်တာကြောင့် ဉာဏ်ရည်ထက်မြက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top