Healthy Life Ad
Life Style

၄၇ နှစ်အရွယ် ကင်မ်ဟီးအေး အသားအရေ နုပျိုရခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

အသက် ၄၇နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ကင်မ်ဟီးအေးရဲ့ အသားအရေက အများအားကျရလောက်အောင် ချောမွေ့တင်းရင်းတောက်ပနေပါတယ်။ ၄၇ နှစ်အရွယ်မှာ အိုမင်းမှုအရေးကြောင်းတွေလည်း သိသိသာသာ မရှိသေးတဲ့ ကင်မ်က သူရဲ့အသားအရေနုပျိုရတဲ့ လျှို့ဝှက်ချက်ကို အခုလိုပြောပြပါတယ်။

နေ့စဉ် CC ခရင်မ် ခပ်ပါးပါး လိမ်းခြင်
ကင်မ်ဟီးအေးရဲ့ မျက်နှာမှာ အရေးကြောင်း ခပ်ပါးပါးရှိပေမယ့် အဲဒါကို ဖုံးအုပ်ဖို့ ဘယ်တော့မှ မကြိုးစားပါဘူး။ CC ခရင်မ်ကိုပဲ ခပ်ပါးပါးလိမ်းလေ့ရှိပါတယ်။

နေရောင်ခြည်ကို စနစ်တကျ ကာကွယ်ခြင်း
ကင်မ်က နေရောင်ခြည်အောက်မှာ အကြာကြီး နေတာကိုအမြဲရှောင်ကြဉ်လေ့ရှိပြီး အသားအရေမထိခိုက်ဖို့ နေကာခရင်မ်ကို ပုံမှန်လိမ်းလေ့ရှိတယ်လို့ ဆိုပါတယ်။

မျက်ဝန်းကို အလေးထားထိန်းသိမ်းခြင်း
မျက်ဝန်းဆိုတာ အိုမင်းမှုကိုပြသတဲ့ အကြီးဆုံးအရာပါ။ ကင်မ်ကမျက်ဝန်းကို အလေးထားပြီး ထိန်းသိမ်းလေ့ရှိတဲ့အတွက် နုပျိုတယ်လို့ လူအများအသိအမှတ်ပြုထားတာဖြစ်ပါတယ်။

ပုံမှန်စားသောက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း
အသားအရေလှပဖို့ Skin Care တစ်ခုတည်းကိုပဲ မှီခိုနေတာမဟုတ်ဘဲ အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုလည်း ပုံမှန် လိုက်နာတယ်လို့ ကင်မ်က ဆိုပါတယ်။ အရက်ရှောင်ပြီး ဘယ်တော့မှ ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေလေ့မရှိဘူးလို့လည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top