Healthy Life Ad
Health Tips

ရည်မှန်းချက်ပန်းတိုင် မရောက်မီ ကျန်းမာရေးချို့တဲ့မှု မဖြစ်စေရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရည်မှန်းချက်ပန်းတိုင်မရောက်ခင် ကျန်းမာရေးချို့တဲ့သွားတာမျိုးမဖြစ်စေဖို့ အမြဲကျန်းမာနေစေမယ့် နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

– ကော်ဖီ၊ လက်ဖက်ရည် ဖျော်သောက်တဲ့အခါတိုင်း သကြားလက်ဖက်စားဇွန်း တစ်ဝက်လောက်ပဲ ထည့်ဖျော်ပြီး သောက်ပါ။

– အဆင်သင့်အစာမစားဘဲ ကိုယ့်ဘာသာ ကြိုးစားချက်ပြုတ်စားသောက်ပါ။

– တစ်ပတ်တာအတွင်း ဂတ်စ်ပါတဲ့ အမြှုပ်ထအချိုရည် ဒါမှမဟုတ် အရက်မပါဘဲ ဖြတ်သန်းကြည့်ပါ။

– ညတိုင်း နာရီဝက်ခန့်စောပြီး အိပ်ရာဝင်ပါ။

– နေခြည်နုနုကျရောက်နေတဲ့ မနက်ခင်းအချိန်မှာ နေကာခရင်မ်လိမ်းပြီး အပြင်ထွက်ပေးပါ။ တန်ဖိုးရှိတဲ့ ဗီတာမင်ဒီရရှိစေတာကြောင့် ပိုမိုကျန်းမာလာပါလိမ့်မယ်။

– အားလပ်ရက်မှာ နိုးစက်ပိတ်ပြီး အိပ်စက်လိုက်ပါ။ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။

– အရေးပေါ် အသက်ကယ်နည်းကို လေ့လာပါ။

– နေ့စဉ် လက်ထောက်မှောက်လေ့ကျင့်ခန်းကို ၁၀ ကြိမ်ပြုလုပ်ပေးပါ။

– သင့်ကားထဲမှာ အရေးပေါ်အခြေအနေတွေအတွက် အရေးပေါ်သေတ္တာထည့်ထားပါ။ ထီး၊ ဆေးသေတ္တာ၊ မိုးကာ စတာတွေ ပါဝင်နေပါစေ။

– ဘာလေးပဲဖြစ်ဖြစ် ရယ်မောနိုင်အောင်ကြိုးစားပါ။ ကိုယ့်အမှား၊ ကိုယ့်အရှုံးအတွက်တောင်ရယ်နိုင်ရင် ဘဝက သာယာလှပနေမှာပါ။

– ပျော်ပျော်နေတတ်သူတွေနဲ့ ခင်ခင်မင်မင်ပေါင်းဖော်ပါ။ စိတ်ခံစားမှုက ကူးစက်တတ်တာကြောင့် ပျော်တတ်တဲ့သူတွေနဲ့နေရင် သင်ပါပျော်ရွှင်မှုရရှိစေပါတယ်။

– အိမ်ထောင်ဖက်နဲ့ အတူတူ ဟင်းချက်ပါ။ ဟင်းလျာတစ်ခွက်ကို အတူတကွ ချက်ပြုတ်ပြင်ဆင်တာ ဒါမှမဟုတ် တစ်ခုခုကို အတူဖန်တီးတာတို့ကြောင့် စကားစမြည်ပြောဖြစ်သလို ပိုမိုရင်းနှီးမှုရှိစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်လုပ်ဟင်းလျာကို ပိုမိုနှစ်ခြိုက်လာတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top