Healthy Life Ad
Life Style

ကိုရီးယားမင်းသမီး ဆုန်းရယ်ဂျင်း၏ အသားအရေလှပခြင်း လျှို့ဝှက်ချက်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီးလေး ဆုန်းရယ်ဂျင်းက သူ့အသားအရေကို စနစ်တကျထိန်းသိမ်းတတ်တယ်လို့ ဆိုပါတယ်။

ပုံမှန်အလေ့အထ
” ကျွန်မက အသားအရေကို ခပ်ရိုးရိုးထိန်းသိမ်းရတာ သဘောကျပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်- နှစ်ကြိမ်လောက် မျက်နှာပေါင်းတင်လေ့ ရှိပါတယ်။ ညဘက်မှာတော့ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်မျက်နှာကို သေချာသန့်စင်ပါတယ်။


ပေါင်းတင်ခြင်း
“အသားအရေထိန်းသိမ်းတာကို စနစ်တကျလုပ်ဆောင်ပါတယ်။ မျက်နှာပေါင်းတင်ပြီးရင် Serum လိမ်းပါတယ်။ အရေးကြီးတဲ့ အခမ်းအနားတွေတက်ရ တော့မယ်ဆိုရင်မျက်နှာကို သေချာပေါင်းတင်လေ့ရှိပါတယ်”

တစ်နေ့တာ
“ရေကို တစ်နေ့ ၂-၃ လီတာလောက် သောက်ပါတယ်။ အိပ်ရေးဝ၀ အိပ်ပါတယ်။ တစ်ခါတလေ ရာသီဥတုအခြေအနေကြောင့် အသားအရေ ခြောက်ပြီး ထိခိုက်လွယ်ပါတယ်။ အဲဒီအချိန်တွေမှာ နေကာခရင်မ်လိမ်းပြီး BBခရင်မ် ဒါမှမဟုတ် ဖောင်ဒေးရှင်းခရင်မ် လိမ်းပါတယ်။ ဒါက ခရမ်းလွန်ရောင်ခြည်နဲ့ ဖုန်မှုန့်တွေကြောင့် အသားအရေမထိခိုက်အောင် ကာကွယ်ပေးပါတယ်”


ခရီးသွားစဉ် အသားအရေထိန်းသိမ်းမှု
“ခရီးသွားတဲ့အခါ လေယာဉ်ပေါ်မှာ အသားအရေခြောက်တဲ့အတွက် မိတ်ကပ်မလိမ်းခင်နဲ့လိမ်းပြီး အစိုဓာတ်ရလွယ်စေမယ့် ဖျန်းဆေးသုံးပါတယ်။ ကမ်းခြေလို နေရာမျိုး၊ နေလောင်ဒဏ်ရာရနိုင်တဲ့ နေရာမျိုးဆိုရင် ရှားစောင်းလက်ပပ်ကပ်နိုင်အောင် ယူသွားပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top