Healthy Life Ad
Health Tips

အားကစားလုပ်ပြီး မူးလဲကာ သေဆုံးခြင်းနှင့် ပတ်သက်၍

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

အားကစားလုပ်ပြီး မူးလဲသေဆုံးရတယ်ဆိုတာက Hypertrophic Obstructive Cardiomyopathy ဆိုတဲ့ နှလုံးကြွက်သားတွေ ပုံမမှန်ကြီးထွားစေတဲ့ အခြေအနေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

ဒါက မျိုးရိုးလိုက်တတ်ပြီး အားကစားသမားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန် ပြေးလွှားရင်း မောလဲပြီး ဆုံးသွားတာမျိုးပါ။ လေ့ကျင့်ခန်းလုပ်ပြီး အသက်ရှူ မဝတာ၊ ရင်ဘတ်အောင့်တာ၊ နုံးချည့်သွားတာ၊ နှလုံးခုန်နှုန်းမြန်တာ စတဲ့ လက္ခဏာတို့ ဖြစ်တတ်ပါတယ်။

နှလုံး ရုတ်တရက်ထဖောက်တာကို Sudden Cardiac Attack လို့ ခေါ်ပါတယ်။ နဂိုမှာ နှလုံးရောဂါအခံရှိတာကို မသိတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ အားကစားလုပ်လို့ ဖြစ်ရတာတော့မဟုတ်ပါဘူး။ အားကစားလုပ်သူတိုင်းလည်း မဖြစ်တတ်ပါဘူး။

Hypertrophic Obstructive Cardiomyopathy ဖြစ်ရင် လူအများစုမှာ သိသာတဲ့ ကျန်းမာရေးပြဿနာ မတွေ့ရတတ်ပါဘူး။ တချို့လူတွေမှာသာ ရုတ်တရက် နှလုံးရပ်ကာ သေဆုံးမှုဖြစ်တတ်ပါတယ်။ ဒီအခြေအနေရှိသူတွေမှာ အသက် ၃၀ အောက်အရွယ်တွေမှာတောင် ရုတ်တရက် နှလုံးရပ်သေဆုံးမှု ဖြစ်တတ်ပါတယ်။

အားကစားပြုလုပ်မည့်သူများ အားကစားမလုပ်ခင် ကာကွယ်ရန်

ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ဆရာဝန်က

(၁) လူနာရာဇဝင် မေးခြင်း / မိသားစု ရာဇဝင်မေးခြင်း

(၂) လူနာအား နှလုံး စမ်းသပ်၍ နားကြပ်ဖြင့် နားထောင်ခြင်း

(၃) ECG ဆွဲခြင်းတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။ ဒီလိုဆေးစစ်ပြီး ကျရှုံးတဲ့အခါ ပြင်းထန်တဲ့အားကစားတွေကို မလုပ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top