ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) အားကစားလုပ်ပြီး မူးလဲသေဆုံးရတယ်ဆိုတာက Hypertrophic Obstructive Cardiomyopathy ဆိုတဲ့ နှလုံးကြွက်သားတွေ ပုံမမှန်ကြီးထွားစေတဲ့ အခြေအနေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။ ဒါက မျိုးရိုးလိုက်တတ်ပြီး အားကစားသမားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန် ပြေးလွှားရင်း မောလဲပြီး ဆုံးသွားတာမျိုးပါ။...
– နှလုံးခုန်ရုတ်ခြည်းရပ်ခြင်း (Cardiac Arrest) နှလုံးသွေးလွှတ်ခန်းနံရံရှိ ကြွက်သားတွေ ခုန်ပင်ခုန်သော်ငြား သွေးကိုတွန်းပို့နိုင်အောင် မခုန်တာကြောင့် အဖြစ်များပါတယ်။ နှလုံးသွေးငတ်ကာ ကြွက်သားတွေသေဆုံးတာကြောင့် ဖြစ်လေ့ရှိပါတယ်။ – လေဖြတ်ခြင်း (Stroke) ဦးနှောက်ထဲကို သွေးစီးဆင်းမှု ရပ်သွားတဲ့အခါ ဒါမှမဟုတ် ဦးနှောက်တစ်သျှူးမှ အောက်ဆီဂျင်နဲ့...