Healthy Life Ad
Health Tips

ဦးနှောက်အစွမ်းကောင်းစေမည့် အကောင်းဆုံးဗီတာမင်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

– ဗီတာမင်အီး

ဗီတာမင်အီးက ဦးနှောက်ကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်အီး ပါဝင်မှုများတဲ့ အစာတွေကိုစားရင် အယ်ဇိုင်းမားရောဂါဖြစ်နှုန်းကို ကြန့်ကြာစေပါတယ်။ ဗီတာမင်အီးပါဝင်မှုများတဲ့ အစာတွေက ကန်စွန်းဥ၊ ကောက်နှံတစ်ခုလုံးစာ၊ အခွံမာစေ့နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။

– ဗီတာမင်စီ

ဗီတာမင်စီက ကိုယ်တွင်းစနစ်ထဲက ဖရီးရယ်ဒီကယ်တွေကို စွန့်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်စီကို အလုံအလောက်စားပေးရင် ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုကို အားကောင်းစေပါတယ်။ ဗီတာမင်စီပါဝင်မှုများတဲ့အစာတွေက ဟင်းသီးဟင်းရွက်တွေ၊ ပဲသီးစိမ်းနဲ့ လိမ္မော်သီးတို့လို သစ်သီးဝလံတွေ ဖြစ်ပါတယ်။

– ဗီတာမင် B12

ဗီတာမင် B12 က အာရုံကြောဆဲလ်တွေရဲ့ ကျန်းမာရေးကိုကောင်းစေပြီး မှတ်ဉာဏ်ကောင်းမွန်စေပါတယ်၊ စိတ်ဓာတ်ကျတဲ့ခံစားချက်တွေကို ပြေလျော့စေပါတယ်၊ ဦးနှောက်စွမ်းအားကောင်းစေပြီး ဦးနှောက်ကို ကာကွယ်နိုင်စွမ်း မြင့်မားပါတယ်။ ဗီတာမင် B12 ပါဝင်မှုများတဲ့ အစာတွေက အမဲသား၊ ဝက်သား၊ ငါး၊ အသား စတာတွေ ဖြစ်ပါတယ်။

– ဖောလစ်အက်စစ်

သွေးထဲက ဟိုမိုစစ္စတင်းအဆင့်ကို ဖောလစ်အက်စစ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဖောလစ်အက်စစ် အလုံအလောက်ရှိမှသာ ဦးနှောက်ထဲက ဆဲလ်တွေကို မထိခိုက်အောင် ကာကွယ်နိုင်မှာပါ။ ဖောလစ်အက်စစ်ဟာ တက်ကြွစေပြီး ရေတိုမှတ်ဉာဏ်ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖောလစ်အက်စစ်ပါဝင်မှုများတဲ့ အစာတွေက ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ အခွံမာအစေ့အဆန်၊ ဥအမျိုးမျိုးစတာတွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top