Healthy Life Ad
Health Tips

မုန်လာဥဖြူ၏ကျန်းမာရေး အကျိုးကျေးဇူးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မုန်လာဥဖြူက ကမ္ဘာတစ်ဝန်းလုံး အနှံ့အပြား ပေါက်ရောက်ပြီး ပြုတ်စားလေ့ရှိကြသလို ဟင်းရွက်သုပ်တွေထဲ ထည့်စားလေ့ရှိပါတယ်။ မုန်လာဥဖြူမှာ ကျန်းမာရေးကောင်းကျိုး အမျိုးမျိုး ရှိပါတယ်။

– အထွေထွေအာဟာရဓာတ်များ
မုန်လာဥဖြူမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ အာဟာရဆိုင်ရာ လေ့လာမှုအရ မုန်လာဥဖြူမှာ ဗီတာမင်ဘီနဲ့ ဗီတာမင်စီပါဝင်မှု များပါတယ်။ ဗီတာမင်အေက စဉ်းစားတွေးခေါ်တာ၊ လေ့လာတာ၊ မှတ်သားတာနဲ့ ခံစားတာ စတာတွေနဲ့ ဆိုင်တဲ့ အာရုံကြောစနစ်လုပ်ငန်းဆောင်တာအတွက် အရေးကြီးပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။ ဒါက ခန္ဓာကိုယ်ကို ကူးစက်ပိုးနဲ့ နာမကျန်းမှုဝေဒနာတွေ မကျရောက်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်စီက တွယ်ဆက်တစ်သျှူးနဲ့ ဆဲလ်တွေကို သန်စွမ်းစေတဲ့ ကော်လာဂျင်ရဲ့ လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။ ဒါကြောင့် အရေးကြောင်းထင်တာနဲ့ အသားအရေတွဲကျတာတို့ဖြစ်နှုန်းကို နှေးစေပါတယ်။

မုန်လာဥဖြူမှာ ကယ်လ်ဆီယမ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားကျန်းမာရေးကောင်းစေပြီး ကြွက်သားဆွဲ ဆန့်အားကောင်းမွန်စေပါတယ်။ ကြေးနီနဲ့ မဂ္ဂနီဆီယမ်က ဆဲလ်နဲ့ တစ်သျှူးကြီးထွားသန်စွမ်းမှုကို အားကောင်းစေပါတယ်။ ဒီအတောအတွင်း သံဓာတ်က သွေးတွင်းမှာ အောက်ဆီဂျင်ရောက်ရှိမှုအားကောင်းစေပြီး တစ်ကိုယ်လုံး အောက်ဆီဂျင်အလုံအလောက် ရောက်ရှိစေပါတယ်။

– ချောင်းဆိုးခြင်းနှင့် အအေးမိခြင်းအတွက် ကုထုံး
မုန်လာဥဖြူက ချောင်းဆိုးတာနဲ့ အအေးမိတာ ကိုထိန်းချုပ်ပေးပါတယ်။ မုန်လာဥဖြူက လည်ချောင်းတစ်လျှောက် အချွဲကင်းစင်စေပြီး ဗီတာမင်စီက ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

– ကိုယ်အလေးချိန်ထိန်းချုပ်ခြင်းနှင့် နှလုံးသွေးကြော ကျန်းမာရေး
မုန်လာဥဖြူက နှလုံးကျန်းမာရေးကောင်းမွန် စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ မုန်လာဥဖြူက ဗိုက်ပြည့်လွယ်စေတာကြောင့် ဆာလောင်မှုလျော့ကျစေကာ အစာများများ မစားဖြစ်တော့ပါဘူး။ ဒီနည်းက ကိုယ်အလေးချိန်ကို ထိန်း ချုပ်ပေးတဲ့နည်းပါ။ အမျှင်ဓာတ် ပါဝင်မှုများတာ ကြောင့် အစာကြေစေပြီး ဝမ်းမှန်စေပါတယ်။ မုန်လာဥဖြူက GI နည်းတဲ့အစာဖြစ်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းစေပြီး ကိုယ်အလေးချိန် ထိန်းပေးကာ ဆီးချိုသွေးချို ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– ဆဲလ်အဆိပ်ဖြေခြင်းနှင့် ကင်ဆာကာကွယ်ခြင်း
မုန်လာဥဖြူက ဆဲလ်နဲ့ တစ်သျှူးတွေကို အဆိပ်ဖြေတဲ့နည်းနဲ့ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုအရ မုန်လာဥဖြူမှာ ဂလူကိုစီနိုးလိတ်ပါဝင်မှုများတယ်လို့ သိရတာကြောင့် အဆိပ်သင့်ဝေဒနာတွေကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top