Healthy Life Ad
Health Tips

တစ်ကိုယ်လုံး နာတာရှည် ကိုက်ခဲနာကျင်မှု ဝေဒနာခံစားနေရလျှင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုက်ခဲနာကျင်မှုဆိုတာ ရုတ်တရက်ဖြစ်ပေါ်တာရှိသလို လနဲ့ချီပြီး ဒါမှမဟုတ် နှစ်နဲ့ချီပြီးဖြစ်ပေါ်တဲ့ နာတာရှည်ကိုက်ခဲနာကျင်တဲ့ ဝေဒနာလည်းရှိပါတယ်။ နာတာရှည်ကိုက်ခဲနာကျင်တဲ့အခါ ခန္ဓာကိုယ်တင်မက စိတ်ခံစားမှုကိုလည်း ထိခိုက်စေပါတယ်။

(၁) ရေသောက်ပါ
ြပေသ Mayo Clinic ရဲ့ လေ့လာမှုအရ ရေဓာတ်ခမ်းခြောက်ရင် နာတာရှည်ကိုက်ခဲနာကျင်တဲ့ ဝေဒနာလက္ခဏာတွေကို ပိုဆိုးစေနိုင်တယ်လို့သိရပါတယ်။ ဒီလိုအခြေအနေမှာ ကော်ဖီ၊ ဆော်ဒါအချိုရည်တို့ကို လျှော့ပြီး ရေများများသောက်ပေးပါ။

(၂) အစားအသောက်ကို ရွေးချယ်စားပါ
အစာကြေလွယ်တဲ့အစာတွေက ရောင်ရမ်းမှုကို သက်သာစေပါတယ်။ နာကျင်ကိုက်ခဲရောင်ရမ်းမှုကို ဖြစ်စေတဲ့ အစာတွေက အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အိုမီဂါ၃ ဖက်တီးအက်စစ်ပါဝင်မှုများတဲ့ အစာ၊ ကညွတ်၊ ဆီးသီး၊ နာနတ်သီး၊ ပဲပိစပ်ထုတ်ကုန် စတာတွေဖြစ်ပါတယ်။ရောင်ရမ်းကိုက်ခဲမှုသက်သာစေဖို့ ပြုပြင်ထားတဲ့ အစာ၊ ဝိုင်နီ၊ အဆီများတဲ့ အနီရောင်အသားတွေကို လျှော့ စားရပါမယ်။

(၃) နနွင်းမှုန့်(ဆနွင်းမှုန့်)စားပါ
နနွင်းမှုန့်က နာတာရှည်ကိုက်ခဲနာကျင်တဲ့ ဝေဒနာကိုသက်သာစေပါတယ်။ နနွင်းမှုန့်မှာ ကာကူမင်ဓာတ်ပါတာကြောင့် အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်မှုမဖြစ်စေဘဲ ရောင်ရမ်းမှုသက်သာစေပါတယ်။

(၄) ယောဂကျင့်ပါ၊ တရားထိုင်ပါ
ယောဂကျင့်တာကြောင့် စိတ်ဖိစီးမှုလျော့ပါးသလို သန်စွမ်းပျော့ပျောင်းစေပါတယ်။ စိတ်ဖိစီးမှုဟာ နာတာရှည်ကိုက်ခဲနာကျင်မှုဖြစ်စေတဲ့ အချက်တစ်ခုပါ။ တရားထိုင်တာကလည်း အပန်းပြေစေပါတယ်။

(၅) ကိုယ်နေဟန်ကို စမတ်ကျစွာနေထိုင်ပါ
အထိုင်မများပါစေနဲ့။ တစ်ချိန်လုံး တီဘီရှေ့ ဒါမှမဟုတ် ကွန်ပျူတာပဲသုံးနေရင် ကိုယ်နေဟန်ထိခိုက်ပြီး နာကျင်မှုကိုပိုဆိုးစေနိုင်ပါတယ်။ ထိုင်တဲ့အခါမှာလည်း ခန္ဓာကိုယ်ကိုဖြောင့်မတ်အောင်ထားပါ။

(၆) အနားယူပြီး အိပ်ရေးဝ၀ အိပ်စက်ပါ
နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ကြာရှည်ခံစားနေရရင် အနားယူပြီး အိပ်ရေးဝ၀အိပ်စက်ပါ။ ဒီနည်းက စိတ်ဖိစီးမှု ပြေလျော့ပြီး စွမ်းအားတိုးစေပါတယ်။

(၇) နာကျင်မှုသက်သာစေမည့်နည်းလမ်းကို တိုင်ပင်ပါ
ဘဝနေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီအောင် ပြုပြင်ပြီးချိန်မှာတောင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစားနေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top