Healthy Life Ad
Health Tips

ဆီးကျောက်မတည်စေရန် ကာကွယ်ပါ . . .

ကျောက်ကပ်မှာကျောက်မတည်စေဖို့ နေ့စဉ် စားသောက်မှုပုံစံမှာ ဆင်ခြင်သင့်တာလေးတွေကို မျှဝေလိုက်ပါတယ်။

အနီရောင်အသားနှင့် ကလီစာများလျှော့စားပါ
ဝမ်းတွင်း ကလီစာတွေ၊ အနီရောင်အသား (ဥပမာ အမဲသား၊ ဆိတ်သား)၊ မြေအောင်းဥ စတာတွေကို လျှော့စားပါ။

အရည်တို့ကို ဆင်ခြင်သောက်သုံးပါ
အရက်၊ ဘီယာ၊ ကွမ်းစားတာကို တတ်နိုင်သမျှ ရှောင်ပါ။ လက်ဖက်ရည်၊ ကော်ဖီတို့ကို အလွန်အမင်းမသောက်ပါနဲ့။

ဆီးအောင့်မထားသင့်ပါ
ဆီးသွားချင်ရင် အိမ်သာကို အမြန်ဆုံးသွားပြီး ဆီးသွားလိုက်ပါ။ တတ်နိုင်သမျှ ဆီးအောင့်မထားပါနဲ့။

ရေများများသောက်ပါ
ရေများများသောက်ပေးရင် ဆီးကျောက် အမှုန်လေးတွေက ဆီးနဲ့အတူ စွန့်ထုတ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး ရေသန့်ဘူးနှစ်ဘူးခန့် သောက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top