Healthy Life Ad
Health Tips

ဆီးကျောက်တည်ခြင်း မဖြစ်စေရန်

ဆီးကျောက်တည်တာကြောင့် ခွဲစိတ်ဖယ်ရှားမှု လုပ်ရလေ့ရှိတဲ့အတွက် ဆီးကျောက်တည်မှုမဖြစ် အောင်ကာကွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ရေကို မကြာခဏသောက်ပါ။ အထူးသဖြင့် ရေဆာတိုင်း ရေသောက်ပါ။

(၂) ဗီတာမင်နဲ့ တခြားအာဟာရဓာတ်တို့ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပါ။ အဆင်သင့်အစာနဲ့ ပြည့်ဝဆီ များများပါတဲ့ အစာတွေကိုရှောင်ပါ။

(၃) နံနက်တိုင်း မိနစ် ၃၀ ခန့်လေ့ကျင့်ခန်းလုပ်ပါ။ ပြေးတာ၊ စက်ဘီးစီးတာစတဲ့ နှလုံးကျန်းမာစေတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးရင် ဆီးကျောက်ကို ပဲ့ထွက်စေပြီး ဆီးသွားရင်းအလွယ်တကူ ထွက်သွားစေပါတယ်။

(၄) စိတ်ဖိစီးမှုကိုရှောင်ပါ။ စိတ်ဖိစီးမှုများတာကြောင့် ဆီးကျောက်ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်သလို လက်ရှိရှိနေတဲ့ ဆီးကျောက်ကိုလည်း ပိုကြီးလာစေနိုင်ပါတယ်။

(၅) ဆီးမသွားဘဲ အောင့်မထားပါနဲ့။ ဆီးမသွားဘဲ အောင့်ထားရင် ဆီးကျောက်တည်တာကို ပိုဆိုးစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top