Healthy Life Ad
Q & A

နားအူခြင်းအကြောင်း သိကောင်းစရာ

—၊ ပါမောက္ခဦးမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. အခုခေတ်မှာ နားကြပ်တပ်ပြီး ဖုန်းနဲ့ သီချင်းနားထောင်တာကြောင့် နားအူကြတယ်။ နားအူတာက တခြားဘယ်လိုအကြောင်းတွေကြောင့်ကော ဖြစ်တတ်ပါသလဲ ဆရာ။

A. ဖုန်းနဲ့ နားကြပ်တပ်ပြီး သီချင်းနားထောင်လို့ နားအူတာကို ွှTransient Noise Induced Deafness လို့ခေါ်ပါတယ်။ မြန်မာလို ဆူညံသံကြောင့် ယာယီနားလေးခြင်းလို့ခေါ်ပါတယ်။ နားလေးတဲ့အခါမှာ Trasient နဲ့ Permanent ဆိုပြီး နှစ်မျိုးရှိပါတယ်။ Trasient Noise Induced Deafness ဆိုတာ ယာယီနားလေးတာပါ။ ကြိမ်နှုန်း (Frequency) မြင့်တဲ့ အသံတွေ ဥပမာအားဖြင့် ဆောင်းဘောက်ကနေထွက်တဲ့ အသံတွေ၊ နားကြပ်ကနေထွက်တဲ့ အသံတွေကို အကျယ်ကြီးကြားရတဲ့အခါ နားမှာရှိတဲ့ အာရုံခံအမွှေးလေးတွေက ရုတ်တရက် တုံးသွားတယ်။ ဒါကို ယာယီနားလေးတယ်လို့ ခေါ်တာပါ။ ဒီလိုအချိန်မှာ နားအူတတ်ပါတယ်။ သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ အသံကို အနားပေးလိုက်မယ်၊ ဆူညံသံတွေ နားမထောင်ဘူး၊ အားဆေးတွေသောက်မယ်၊ အိပ်ရေးဝ၀အိပ်မယ်ဆိုရင် ပြန်ကောင်းလာနိုင်ပါတယ်။

အမြဲတမ်း နားထောင်ပြီး အာရုံခံအမွှေးတွေ တုံးသွားတယ်၊ မလှုပ်ရှားနိုင်တော့ဘူး။ ဒီလိုအခြေအနေဆိုရင် ပြန်မကောင်းတော့ဘူး။ ဒါကို Permanent Deafenss လို့ခေါ်ပါတယ်။ ဒီအခြေအနေဆိုရင် နားကြားကိရိယာတပ်တာ ဒါမှမဟုတ် အတွင်းနားအာရုံနှိုးဆွကိရိယာတပ်တာတို့ လုပ်ရပါမယ်။

“နားအူရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ ရုတ်တရက်နားလေးပြီး နားအူတာရှိသလို နားဖာချေးပိတ်ပြီး နားအူတာလည်းရှိပါတယ်။ နားပြည်ယိုလို့ နားအူတာရှိတယ်၊ အပြင်နားရောင်လို့ နားအူတာလည်း ရှိပါတယ်။ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းပေါ် မူတည်ပြီး ကုသမှုခံယူလိုက်ရင်တော့ ကောင်းသွားမှာ ဖြစ်ပါတယ်” . . .

Q. နားအူပြီဆိုရင် ချက်ချင်းသက်သာအောင် ဘယ်လိုလုပ်လို့ရပါသလဲ ဆရာ။

A. အရင်ဆုံး ဘာကြောင့်နားအူရတာလဲဆိုတာကို ရှာဖွေဆန်းစစ်ရပါမယ်။ နားအူရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ ရုတ်တရက်နားလေးပြီး နားအူတာရှိသလို နားဖာချေးပိတ်ပြီး နားအူတာလည်း ရှိပါတယ်။ နားပြည်ယိုလို့ နားအူတာရှိတယ်၊ အပြင်နားရောင်လို့ နားအူတာလည်းရှိပါတယ်။ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းပေါ်မူတည်ပြီး ကုသမှု ခံယူလိုက်ရင်တော့ ကောင်းသွားမှာဖြစ်ပါတယ်။

နားအူတဲ့ တချို့ရောဂါတွေကတော့ ဆေးသောက်ရင် ချက်ချင်းသက်သာတယ်။ တချို့ရောဂါတွေကတော့ ဆေးသောက်ရုံနဲ့ မသက်သာပါဘူး။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြပြီး ကုသရင်တော့ အကောင်းဆုံးပါပဲ။

Q. နားအူတာက အားနည်းတာနဲ့ကော ဆိုင်ပါသလား ဆရာ။

A. တချို ့လူတွေမှာ အားနည်းတာကြောင့်လည်း နားအူတတ်ပါတယ်။

Q. နားဖာချေးကလော်လို့မရဘူးဆိုတော့ တချို့တွေမှာ နားဖာချေးကအကြီးကြီးတွေ၊ အလုံးကြီးတွေ ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ အဲဒီလိုလူတွေကျတော့ ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

A. တချို ့နားဖာချေးအထွက်များတဲ့ သူတွေရှိပါတယ်။ တချို့ကျတော့ နားဖာချေးအခြောက်ထွက်တာရှိတယ်၊ တချို့ကျတော့ နားဖာချေးအစိုထွက်တာရှိတယ်။ ဒီလိုလူတွေအတွက်ကျတော့ နားဖာချေးပျော့တဲ့ဆေးတွေ ရှိတယ်၊ နားဖာချေးပျော်တဲ့ ဆေးတွေရှိတယ်။ အဲဒီဆေးတွေ ခတ်လိုက်ရင် နားဖာချေးအခြောက်အများကြီး ထွက်တဲ့သူတွေအတွက် နားဖာချေးကပျော့ပြီး၊ နူးပြီး ပျော်သွားတယ်။ အဲဒီအခါ လွယ်လွယ်ကူကူနဲ့ အပြင်ဘက်ကို စီးထွက်လာပါတယ်။ ဒီလိုလူတွေမှာ ဂွမ်းလေးနဲ့ အသာလေး ကျပ်ပေးလို့ရှိရင် နားဖာချေးက ပျော့နေတော့ အလွယ်တကူဂွမ်းမှာ ကပ်ပါလာပါတယ်။

Q. အဘွားတွေဆိုရင် နားထဲကို အုန်းဆီထည့်ပြီး နားဖာချေးပျော်အောင်လုပ်တတ်ကြပါတယ်။ ဒါကကော သင့်တော်ပါသလား ဆရာ။

A. နံပါတ်တစ်အနေနဲ့ အုန်းဆီက သန့်ရှင်းတယ်၊ Sterile ဖြစ်တယ်ဆိုရင်သုံးလို့ရပါတယ်။ သို့သော်လည်း အုန်းဆီကိုအဖုံးဖွင့်ထားမယ်၊ လေသလပ်မယ်၊ မှိုတက်မယ်၊ အပြင်ဘက်က တွေ့ကရာပစ္စည်းတွေနဲ့ ကိုင်မယ်ဆိုရင်တော့ မသန့်ရှင်းတဲ့အတွက် မှိုစွဲရောဂါဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top