Healthy Life Ad
Health Tips

နားအူခြင်း

———၊ ဇွန် ၊———

နားအူတယ်ဆိုတာ တခြားသူတွေ မကြားရတဲ့အသံတွေကို သင်ကကြားနေရတာမျိုးပါ။ နားအူတဲ့အခါ လူအများစုဟာ ဆူညံတဲ့အသံတွေ၊ ခေါင်းလောင်းထိုးသံတွေ၊ တဝီဝီမြည်သံတွေလို အသံအမျိုးမျိုးကို ကြားနေတတ်ပါတယ်။ နားအူတာက အဆက်မပြတ်ဖြစ်နိုင်သလို ကြိုကြားကြိုကြားလည်း ဖြစ်နိုင်ပါတယ်။ တချို ့အခြေအနေတွေမှာ တဒုတ်ဒုတ်မြည်တဲ့အသံမျိုးကို ကြားနေရတတ်သလို အကြားအာရုံဆုံးရှုံးမှုနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

နားအူခြင်းဖြစ်ရသည်မှာ

ဘယ်လိုနားပြဿနာပဲဖြစ်ဖြစ် နားအူတာကို ဖြစ်စေနိုင်ပါတယ်။ နားအူစေနိုင်တဲ့ အဓိကအကြောင်းရင်းတချို ့က အောက်ပါအတိုင်းဖြစ်ပါတယ်။

နားထဲမှာဖြစ်တဲ့ရောဂါ – ဆူညံသံ၊ အသက်အရွယ်ကြောင့် အကြားအာရုံထိခိုက်မှု၊ Meniere’s (နားလေးတာ၊ နားအူတာ၊ ချာချာလည်အောင် မူးနေတာကိုဖြစ်စေတဲ့ရောဂါ) ရောဂါတို့ကြောင့် ထိခိုက်မှုဖြစ်တတ်ပါတယ်။

နားစည်ပိတ်ဆို့မှု – နားဖာချေး ဒါမှမဟုတ် ပြင်ပပစ္စည်းဝင်ပြီး ပိတ်ဆို့မှုကြောင့် နားအူရတတ်ပါတယ်။

အတွင်းနားထဲရှိရောဂါ – အတွင်းနားရောင်ရမ်းမှုကြောင့် နားအူရတတ်ပါတယ်။

ဆေးဝါးများ – သွေးတိုးတာနဲ့ တချို ့ဆေးတွေကြောင့်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ နားအူရတတ်ပါတယ်။ အထူးသဖြင့် အက်စပရင်ဆေးကို အလွန်အမင်းသောက်တာကြောင့် နားအူရတတ်ပါတယ်။

အကျိတ်- ရှားရှားပါးပါးအကျိတ်ဖြစ်တာကြောင့်လည်း နားအူရတတ်ပါတယ်။

နားအူခြင်းအတွက် ကုသမှု

• ဆူညံသံများလွန်းတာကြောင့် နားအူတာအတွက် သက်သာစေမယ့် ကုသနည်းတွေရှိပါတယ်။

• နားအူတာကို လျော့ကျစေဖို့ အထူးသဖြင့် နားအကြာအာရုံက ထိခိုက်တယ်ဆိုရင် နားအကူကိရိယာ (Hearing Aid) ကိုလည်း တပ်ဆင်နိုင်ပါတယ်။

• နားအူတာကို ပြန်လည်ကုသပေးဖို့ ဆူညံသံနဲ့ ကုသပေးနိုင်ပါတယ်။

• တချို ့နားအူတဲ့အခြေအနေတွေမှာ ဆေးကုသမှုခံယူစရာမလိုဘဲ နားအူတာက အလိုလိုပျောက်နိုင်ပါတယ်။

• နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်နဲ့ ပြတဲ့အခါ နားအူရတဲ့အကြောင်းရင်းဇစ်မြစ်ကို ရှာဖွေပေးပါလိမ့်မယ်။ သင်ရဲ ့အကြားအာရုံကိုလည်း စစ်ဆေးပေးပါလိမ့်မယ်။

• အိပ်မောကျခါနီးအချိန်တွေမှာ နူးညံ့ပျော့ပျောင်းတဲ့ တေးသံသာတွေကို နားဆင်ရင်း နားအူတာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top