Healthy Life Ad
Health Tips

အူရောင်ရမ်းနေချိန် သတိထားသင့်သည့် အစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အူရောင်ရမ်းတဲ့ ဝေဒနာခံစားနေရချိန်မှာ အောက်ပါအစားအသောက်တွေကို သတိထားပြီး စားသောက်သင့်ပါတယ်။


– အမျှင်ဓာတ်
အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က အစာကြေညက် စေပေမယ့် အူရောင်ရမ်းတဲ့သူတွေမှာ အစာကြေ ညက်ဖို့ခက်ခဲပါတယ်။ လေထစေတဲ့ ပဲတွေ၊ ပဲသီး၊ ဖွဲနု၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ပြောင်းဖူးပေါက် ပေါက်စတာတွေကိုလည်း ထိန်းချုပ်ပြီး စားသင့်ပါတယ်။

– သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ
ငှက်ပျောသီးမှည့်နဲ့ဖရဲသီးတွေကလွဲရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အစိမ်းတွေကို တစ်ကြိမ်တည်းနဲ့ အလွန်အမင်းမစားပါနဲ့။


– ဟင်းခတ်အမွှေးအကြိုင်၊ အဆီနှင့် အချိုစာများ
တချို့အစားအစာတွေက အူရောင်ရမ်းတဲ့ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ဆီကြော်စာ၊ အဆီအအိမ့်များတဲ့ အစာနဲ့ ဟင်းခတ်အမွှေး အကြိုင်ကဲတဲ့ အစာတွေကို ရှောင်ပါ။ ဒါတွေက ကြေညက်ခဲတာကြောင့် ဝမ်းလျှောတာနဲ့ လေထတာကိုဖြစ်စေနိုင်ပါတယ်။ ချောကလက်နဲ့ အချိုတုတွေကလည်း အူရောင်ရမ်းတဲ့ ဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။


– ပရိုတင်းဓာတ်
ပရိုတင်းဓာတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရထဲမှာ ပါဝင်ပေမယ့် မြေပဲထောပတ်၊ ငါး၊ ဥအမျိုးမျိုး၊ ပဲပုပ်စေ့၊ အသားစတာတွေကို အူရောင် ရမ်းနေချိန်မှာ အများကြီး မစားမိဖို့ သတိပြုသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top