Healthy Life Ad
Health Tips

တစ်နေ့တာကို စတင်သင့်သည့် နံနက်ခင်း အပြုအမူ ၅ မျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နံနက်ခင်းကာလမှာပြုလုပ်တဲ့ ဒီအပြုအမူတွေက တစ်နေ့တာလုံးကို အဆင်ပြေချောမွေ့အောင် ပံ့ပိုးကူညီပေးနေမှာပါ။

(၁) နားရွက်ကို နှိပ်နယ်ပါ
နားရွက်ကို နှိပ်နယ်ပေးတာကြောင့် သင့်ကို ပြည့်ပြည့်ဝ၀ နိုးကြားစေပါတယ်။ အိပ်ရာကနေ မထနိုင်ဖြစ်နေရင် အိပ်ရင်း နားရွက်တွေကို နှိပ်ပေးပါ။ နားရွက်မှာရှိတဲ့ ထိခိုက်တုန့်ပြန်လွယ်တဲ့ အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးတာကြောင့် စွမ်းအင်တိုးပြီး နိုးကြားလန်းဆန်းစေပါတယ်။


(၂) သံပရာရည်ထည့်ထားသည့် ရေနွေးတစ်ဖန်ခွက် သောက်ပါ
နံနက်ခင်းမှာ ကော်ဖီအစား သံပရာရည်ထည့်ထားတဲ့ ရေနွေးတစ်ခွက်ကို သောက်သင့်ပါတယ်။ အဲဒီလို သောက်ပေးရင် အစာခြေလမ်းကြောင်းစနစ်၊ ကျောက်ကပ်နဲ့အူတွေရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ရေနွေးတစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံးလုံး ညှစ်ထည့်စရာမလိုပါဘူး။ မနက်စာမစားခင် မိနစ်၂၀-၃၀ အလိုမှာ သံပရာရေနွေးသောက်ပါ။


(၃) လျှာကို သန့်စင်ပါ
သွားတွေကို တစ်နေ့နှစ်ကြိမ်သန့်စင်သင့်တယ်ဆိုတာ လူတိုင်းသိနေပါပြီ။ ဒါပေမဲ့ လျှာမှာ ဘက်တီးရီးယားပိုးတွေ အများကြီး ကပ်ညိပွားများနေတာကြောင့် ခံတွင်းအနံ့ဆိုး ထွက်နိုင်တယ်ဆိုတာကို တော့ လူသိနည်းနေပါသေးတယ်။ လျှာက ဘက်တီးရီးယားပိုးတွေဟာ သွားတွေမှာ သွားကျောက်တွေဖြစ်စေပြီး သွားပိုးစားတာနဲ့သွားဖုံးဝေဒနာတွေဖြစ်တတ်ပါတယ်။ လျှာသန့်စင်ဖို့ ပုံမှန်သွားတိုက်တံအပျော့ စားနဲ့တိုက်ပေးရပါမယ်။


(၄) ပျားရည်တစ်ဇွန်းသောက်ပါ
ပျားရည်က စွမ်းအင်တိုးစေပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေကာ အလုပ်တွင်ကျယ်စေပါတယ်။ ချောင်းဆိုးတဲ့ဝေဒနာ ကိုသက်သာစေပြီး ဓာတ်မတည့်မှုဝေဒနာ လက္ခဏာတွေကိုလည်း ပျောက်ကင်းစေပါ တယ်။ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုနံနက်စာမစားခင် ရေတစ်ဖန်ခွက်ထဲထည့်ဖျော်ပြီး သောက်ပေးသင့်ပါတယ်။


(၅) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် အရည်ဖြင့် ခံတွင်းကိုဆေးကြောပါ
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (Hydrogen Peroxide 3% Solution) ၅-၇စက်ကို ရေ ၅၀ မီလီလီတာထဲ ထည့် ဖျော်ပြီး ပလုတ်ကျင်းပေးရင် သွားတွေကို ဖြူစင်စေပြီး ခံတွင်းအနံ့ဆိုးကင်းစင်စေပါတယ်။ သွားဖုံးတွေကို အနာကျက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top