Healthy Life Ad
Health Tips

ဘဝတစ်သက်တာ ကျန်းမာဖို့ရာ . . .

alignnone size-medium wp-image-54953
(၁) ပျော်ရွှင်မှုကို မျှဝေနိုင်ရန် “ပြုံးပါ”

တခြားသူတစ်ယောက် ပြုံးလာစေမယ့် အရိုးစင်းဆုံးနဲ့ အဆင်ပြေဆုံးနည်းက သူ့ကိုပြုံးပြလိုက်ဖို့ပဲ ဖြစ်ပါတယ်။ “အပြုံးဆိုတာ တစ်ဦးနဲ့တစ်ဦး မသိသေးတဲ့ လူတွေကြားထဲမှာတောင် ကူးစက်စေနိုင်တဲ့ မျက်နှာအမူအရာပဲ ဖြစ်ပါတယ်”လို့ စိတ်ပညာရှင် လာဖရန့်က ဆိုပါတယ်။ အကြောင်းကတော့ အပြုံးကို မြင်ရတဲ့ အစိတ်အပိုင်းနဲ့ အပြုံးဆင်းသက်လာတဲ့ နေရာက ဦးနှောက်ရဲ့ တူညီတဲ့နေရာ ဖြစ်နေလို့ပါ။ ပြုံးတဲ့နေ့ရက်နဲ့ မပြုံးတဲ့နေ့ရက်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ပြုံးတဲ့နေ့က ပိုပြီး သာယာလှပနေတာကို တွေ့ရပါလိမ့်မယ်။

alignnone size-medium wp-image-54954
(၂) ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ရန် “ပူးပေါင်းဆောင်ရွက်ပါ”

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဘဝမှာ ရန်သူမရှိစေဖို့ တူညီတဲ့ အဖြေတစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ “ထိခိုက်ဒဏ်ရာရမှုကို ရှောင်ရှားလိုရင် သေဆုံးလိုက်ပါ၊ ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်ရှားလိုရင် ပူးပေါင်းဆောင်ရွက်လိုက်ပါ” ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်နဲ့ ရန်ဖြစ်နေမယ့်အစား အချိန်တိုတောင်းလှတဲ့ ဘဝခရီးလမ်းမှာ တစ်ဦးနဲ့တစ်ဦး လက်တွဲပူးပေါင်းသွားဖို့ လိုပါတယ်။

alignnone size-medium wp-image-54955
(၃) နုပျိုစေရန် “တစ်ညလျှင် ခုနစ်နာရီခန့် အိပ်စက်ပါ”

ဆေးစင်တာတက္ကသိုလ်ရဲ့ လေ့လာသူတွေက အိပ်ရေးပျက်တာကြောင့် ရုပ်ရည်အိုမင်းမှု ပိုဖြစ်စေနိုင်တယ်ဆိုတာကို ပထမဆုံးအကြိမ် လေ့လာပြသခဲ့ပါတယ်။ အသက် ၃၀ မှ ၄၉ နှစ်ကြား အမျိုးသမီးတွေအနေနဲ့ တစ်ညအနည်းဆုံးအိပ်ချိန် ခုနှစ်နာရီ မရှိရင် အရေးကြောင်းနဲ့ ပါးရေတွန့်နိုင်ခြေ ပိုများပြီး မျက်နှာအရေပြားတင်းအား လျော့ကျကာ မျက်နှာအစက်အပြောက် ထင်နှုန်းလည်း ပိုများတယ်လို့ သိရပါတယ်။ အိပ်စက်မှုဟာ အသားအရေကို ပြန်လည်ပြုပြင်ပေးတဲ့အပြင် ရောင်ရမ်းမှုတွေ လျော့ပါးသက်သာပြီး နှင်းခူနဲ့ဝက်ခြံလို အရေပြားအပြစ်အနာအဆာတွေကို သက်သာစေပါတယ်။ “နေကာခရင်မ်သုံးတာနဲ့ ဆေးလိပ်မသောက်ဘဲ နေတာတွေကလည်း ညတိုင်း အိပ်ချိန် ၇-၉ နာရီ ပေးတာလိုပဲ အသားအရေကို ကြည့်ကောင်းစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-54956
(၄) အပင်များလန်းဆန်းစေရန် “အောက်ခြေမှ ရေလောင်းပါ”

လေ့လာမှုအရ အပင်တစ်ပင်ကို ရေလောင်းတဲ့အခါ အကောင်းဆုံးနည်းက အပေါ်ကစလောင်းတာထက် အပင်ခြေရင်းက စတင်လောင်းပေးပါ။ အိုးနဲ့စိုက်တဲ့ အပင်ဆိုရင် တစ်နာရီမှာ ရေနှစ်လက်မလောက် နစ်မြုပ်ရုံ လောင်းထည့်ပေးပါ။ အလားတူ ဘယ်အရာမဆို အောင်မြင်မှုတာရှည်စေဖို့ အခြေခံအုတ်မြစ်ကို သေချာတည်ဆောက်ရပါမယ်။

alignnone size-medium wp-image-54957
(၅) နှလုံးရောဂါထခြင်း သက်သာစေရန် “အရေးပေါ်ဖုန်းခေါ်ဆိုပြီး အက်စ်ပရင်ဝါးစားပါ”

ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ စတဲ့ နှလုံးရောဂါ ထချင်သလိုလို ခံစားရရင် အရေးပေါ်ဖုန်းကို ခေါ်ဆိုပြီးချိန်မှာ အက်စ်ပရင် ၃၂၅ မီလီဂရမ် တစ်ပြားကို ကြိတ်ဝါးပေးပါ။ အက်စ်ပရင် သွေးခဲဖတ်တွေအချင်းချင်း ကပ်ညိစုပုံမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အက်စ်ပရင်ကို ကြိတ်ဝါးတာကြောင့် သွေးကြောထဲကို ခပ်မြန်မြန်ရောက်ရှိစေပါတယ်။ နှလုံးရောဂါမျိုးရိုးရှိရင် အက်စ်ပရင်ဆေးကို အမြဲဆောင်ထားပါ။

alignnone size-medium wp-image-54958
(၆) အာရုံစူးစိုက်မှု ရရှိစေရန် “အားကောင်းသော ပုံပြင်နှင့်စပါ”

ဒါက အဟောအပြောပညာရှင် ဝါးနစ်ရဲ့ အကြံပြုချက်ဖြစ်ပါတယ်။ လူအများကို ဟောပြောပို့ချမှု တစ်ခုဖြစ်လုပ်ရာမှာ အရင်ဆုံး လူအများရဲ့ အာရုံစူးစိုက်မှုကို ရရှိစေဖို့ ရေပန်းစားတဲ့ ဆွေးနွေးတင်ပြမှုနဲ့ စတင်လိုက်ပါ။ အဲဒီအချိန်မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာပြီး ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-54959
(၇) ပူပင်သောကကို လျှော့ချနိုင်ရန် “ရေချိုးပါ”

ပူပင်သောကကို လျှော့ချနိုင်ဖို့ နည်းလမ်းများစွာအနက် ရေချိုးတာကလည်း ထိရောက်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ရေချိုးတာကြောင့် တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေပါတယ်။ အထူးသဖြင့် ရေချိုးရင်း သီချင်းဆိုတာကြောင့် စိတ်ဖိစီးမှု လျော့ကျစေတဲ့ ဟော်မုန်းဟိုက်ဒရိုကော်တီစုန်း ပမာဏကို တိုးစေပါတယ်။ ရေချိုးရင်း သင့်ကို ဒေါသထွက်စေတဲ့ လူတွေကို တွေးလိုက်ပြီး အော်ချင်အော်ပါ၊ ရေမြှုပ်အပေါ် သင့်ဒေါသကို ပုံချပြီး လွှင့်ပစ်ချင်ရင်လည်း လွှင့်ပစ်လိုက်ပါ။

alignnone size-medium wp-image-54960
(၈) အိမ်ထောင်ရေးသုခ ရရှိစေရန် “အကောင်းမြင်သောစွမ်းအင်များ ဖြန့်ဝေပါ”

အိမ်ထောင်ရေးသုခ ရရှိစေဖို့ အကောင်းမြင်တဲ့ အတွေးနဲ့ အဆိုးမြင်အတွေးတွေကို ၅း၁ လို့ အချိုးချပြီး နေထိုင်ပါ။ ဒါဆိုရင် ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ၁၄ နှစ်ကြာ လေ့လာမှုအရ စိတ်ကုပညာရှင် ဂျွန်ဂေါ့ဒ်မန်းက ဆိုပါတယ်။ အိမ်ထောင်ကွဲသွားတဲ့ စုံတွဲတွေမှာတော့ အကောင်းမြင်အတွေးနဲ့ အဆိုးမြင်အတွေးက ဝ ဒသမ ၈ း ၁ နီးပါးရှိတယ်လို့ ဂေါ့ဒ်မန်းက ဆိုပါတယ်။ အဆိုးမြင်တဲ့အတွေးကြောင့် အိမ်ထောင်ရေးကို ထိခိုက်စေပါတယ်။ ပျော်ရွှင်ပြီး အဆင်ပြေတဲ့ စုံတွဲတွေကတော့ တစ်ဦးနဲ့တစ်ဦး အပြစ်မြင်တာထက် အကောင်းမြင်တာက ငါးဆပိုများနေပါတယ်။

alignnone size-medium wp-image-54961
(၉) ခန္ဓာကိုယ်လှပစေရန် “မေးစေ့မော့ပြီး ထိုင်-ထ လုပ်ပါ”

တစ်ပတ်မှာ နှစ်ကြိမ်-သုံးကြိမ်လောက် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မေးစေ့မော့တဲ့ လေ့ကျင့်ခန်းနဲ့အတူ ထိုင်-ထလေ့ကျင့်ခန်းကိုပါ ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်း နှစ်ခုစလုံးက ခန္ဓာကိုယ်ကြွက်သားတွေ အားလုံးနီးပါးကို လောင်ကျွမ်းစေပါတယ်။ “သန်စွမ်းမှုရရှိဖို့အတွက် လွယ်ကူတဲ့ ထိုင်-ထ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးတာကြောင့် ကြွက်သားနုံးချည့်ညောင်းညာမှုကို ပြေလျော့သွားစေပါတယ်” လို့ ၄၂ နှစ်ကြာ လေ့လာမှုအရ ဝက်စ်ကော့က ဆိုပါတယ်။ လေ့လာမှုအရ ဒီနည်းနဲ့ လေ့ကျင့်ခန်းလုပ်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို တိုးစေသလို အဆီတွေကိုလည်း လောင်ကျွမ်းစေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-54962
(၁၀) အသက်ရှည်စေရန် “စေတနာ့ဝန်ထမ်း လုပ်ပါ”

လေ့လာမှု ၃၀ ခုအရ စေတနာ့ဝန်ထမ်း အလုပ်ကို လုပ်ဆောင်တာကြောင့် ကျန်းမာသက်ရှည်စေတယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top