Healthy Life Ad
Q & A

နားသိပ်မကြားတော့လို့ပါ . . .

မေး ။ ကျွန်တော့်အသက် ၆၅ နှစ်ရှိ အသက်ကြီးသူတစ်ဦးဖြစ်ပြီး တစ်ဖက်မှ စကားပြောသံကို နားထဲမှာ သိပ်မကြားတော့ပါ။ အဲဒါ ဘာကြောင့်လဲ။ အသက်ကြီးလို့ ဘယ်လိုနားရောဂါတွေ ဖြစ်တတ်သလဲ။ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရပါသလဲ။ ရရင် ဘယ်လိုကာကွယ်ရမှာလဲ အစရှိတာတွေကို ကျေးဇူးပြုပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးပါခင်ဗျာ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ အသက်ကြီးလာရင် နားလေးလာတတ်ပါတယ်။ နားကြပ်တပ်ပြီး အသံကျယ်ကျယ် နားထောင်တာ၊ ဆူညံလွန်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင် အလုပ်လုပ်တာတွေကြောင့်လည်း အကြားအာရုံ ချို့ယွင်းနိုင်ပါတယ်။ တချို့မှာတော့ နားဖာချေးများလွန်းလို့ နားလေးတာလည်း ဖြစ်နိုင်ပါသေးတယ်။ နားအကြား အာရုံတိုးချဲ့ပေးတဲ့ စက်တပ်ဆင် သုံးစွဲနိုင်တာမို့ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံ၊ ဆေးခန်းမှာ ပြသနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top