Healthy Life Ad
Health Tips

အိမ်တွင်း အလှအပ လျှို့ဝှက်ချက်များ

လရိပ်မေ

သင့်အိမ်ထဲမှာ ရှိနေတဲ့အရာတွေကို အသုံးချပြီး အလှအပစွမ်းအားကို ရယူလိုက်ပါ။
ခြေသလုံးအမွေးရိတ်လျှင် ချောမွေ့စေရန်အတွက်
ဆံပင်လိမ်းကွန်ဒီရှင်နာသုံးပါ
ဆံပင်လိမ်းကွန်ဒီရှင်နာလိမ်းပြီး ခြေထောက်အမွေးတွေကိုရိတ်တဲ့အခါ အမွေးကင်းစင်ချောမွေ့တဲ့ အရေပြားကို ပိုင်ဆိုင်စေသလို ဓားရှရာကြောင့် နီမြန်းမှုကိုလည်း ကင်းစင်စေပါတယ်။

ဆံကေသာ တောက်ပစိုပြည်စေရန်အတွက်
သံပရိုသီး သုံးပါ
ဆံပင်သား အရောင်တောက်ပစိုပြည်စေဖို့ သံပရိုသီးအရည်ကို လိမ်းပေးပါ။ ဆံပင်သားကိုလည်း လင်းလက်စေပါတယ်။

အလှပြင်ပစ္စည်းများ ကြာရှည်ခံစေရန်အတွက်
ရေခဲသေတ္တာကို သုံးပါ
လက်သည်းဆိုးဆေး၊ မျက်ခုံးမွှေးဆွဲခဲတံ၊ အိုင်းလိုင်နာနဲ့ နှုတ်ခမ်းနီတွေရဲ့ သက်တမ်းကြာကြာ ခံဖို့နဲ့အရောင်လွင့်ပြယ်မှု မဖြစ်စေဖို့ ရေခဲသေတ္တာထဲ သိမ်းထားပေးပါ။

မျက်ခုံး ထင်ရှားလှပစေရန်အတွက်
ဗက်ဆလင်း သုံးပါ
သိသာထင်ရှားလှပတဲ့ မျက်ခုံးမွေး ပိုင်ဆိုင်ဖို့ရာအတွက် ဗက်ဆလင်းအလှဆီ(Vaseline)ကို လိမ်းပေးပါ။ တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါက ရက်သတ္တပတ်အနည်းငယ်အကြာမှာ ထူထဲလှပတဲ့ မျက်ခုံးမွေးကို ပိုင်ဆိုင်စေပါတယ်။

ပါးပြင် နီမြန်းစေရန်အတွက်
နှုတ်ခမ်းနီ သုံးပါ
ပါးနီ မပါလာတဲ့အခါမှာ ပါးပြင်နီမြန်းလှပစေ ဖို့အတွက် နှုတ်ခမ်းနီတောင့်ကို သုံးပြီး လက်ချောင်း ဒါမှမဟုတ် ဂွမ်းစနဲ့ ပါးပြင်အပေါ်လိမ်းလိုက်ပါ။

ဆံကေသာ ကျန်းမာစေရန်အတွက်
ဘီယာသုံးပါ
ဘီယာသုံးပြီး ဆံပင်ကို ဆေးကြောလိုက်ပါ။ ဆံကေသာ ပိုမို ထူထဲပျော့ပျောင်းလာတာကို သတိပြုမိပါလိမ့်မယ်။ ဘီယာနံ့မစွဲစေဖို့ ရနံ့သင်းတဲ့ ကွန်ဒီရှင်နာကို သုံးပေးပါ။

အိုမင်းမှု လျော့ကျစေရန်အတွက်
ရေခဲတုံးသုံးပါ
မျက်နှာအနှံ့ ရေခဲတုံးနဲ့ နှိပ်နယ်ပေးတာကြောင့် အရေးကြောင်းနဲ့ ဝက်ခြံဖုတွေကို လျော့ပါးစေပါတယ်။ ရေခဲတုံးက မျက်နှာပြင်လန်းဆန်းစေပြီး သဘာဝအရောင်ကို ရရှိစေပါတယ်။

နှုတ်ခမ်းသား စိုပြည်စေရန်
သံလွင်ဆီ သုံးပါ
နှုတ်ခမ်းသား စိုပြည်ကြည့်ကောင်းစေဖို့အတွက် ပက်ပါးမင့်ဆီ (Peppermint Oil)ကို လိမ်းပေးသင့်ပါတယ်။

အပူလောင်ခြင်းနှင့် အင်းဆက်အကိုက်ခံရခြင်းအတွက်
သွားတိုက်ဆေးသုံးပါ
အပူလောင်တဲ့ အရေပြားနေရာနဲ့ အင်းဆက်ပိုးမွှားအကိုက်ခံရတာကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တဲ့ အရေပြားပေါ်မှာ သွားတိုက်ဆေးလိမ်းပါ။ သွားတိုက် ဆေးမှာပါတဲ့ မန်သော်ဟာ အရေပြားနာကျင် ရောင်ရမ်းမှုကို သက်သာစေပြီး အရေပြား အေးမြစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top