Healthy Life Ad
Uncategorized

ကြောင်လေးတွေက လူတွေကို ဘယ်လို အသက်ရှည်စေသလဲ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အချစ်တော် ကြောင်လေးတွေနဲ့ အတူနေတဲ့အခါ ကျွန်မတို့အပေါ် ဘယ်လို ကျန်းမာရေးကောင်းကျိုး သက်ရောက်စေသလဲဆိုတာ သိပ္ပံပညာရှင်တွေက လေ့လာဖော်ထုတ်လိုက်ပါတယ်။

– ကြောင်တွေက အနာကျက်စေပါတယ်
ကြောင်တွေက အနာကျက်တဲ့ ဖြစ်စဉ်ကို တိုးတက်စေပါတယ်။ ကြောင်ကလေးတွေ ကျေနပ်တဲ့အခါ ပြုတတ်တဲ့ အသံသဲ့သဲ့လေးတွေက ကြောင်ချစ်သူတွေကို စိတ်ချမ်းသာစေတာကြောင့်ပါ။

– ကြောင်သံတိုးတိုး
ကြောင်တွေ အသံပြုတဲ့အခါ ကြောင်ရဲ့ ကြွက်သားနဲ့ အရိုးတွေကို သန်မာစေသလိုပဲ ကြောင်ချစ်တဲ့ သခင်ကိုလည်း ကျန်းမာရေး ကောင်းမွန်စေပါတယ်။ ကြောင်လေးတွေ တိုးဝှေ့ပွတ်သပ်တဲ့အခါ ကြောင်ချစ်တဲ့သခင်တွေကို သန်စွမ်းစေတယ်လို့ ဆိုပါတယ်။

-ကြောင်တွေက စိတ်ဖိစီးမှု လျော့ကျစေပါတယ်
လေ့လာမှုတွေအရ ကြောင်ချစ်သူတွေက ကြောင်လေးတွေနဲ့ အတူရှိချိန်မှာ စိတ်ဖိစီးမှု လျော့နည်းတယ်လို့ သိရပါတယ်။

– ကြောင်တွေက နှလုံးရောဂါအမောဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်

မနီဆိုးတားတက္ကသိုလ်ရဲ့ လေ့လာမှုအရ အိမ်မှာကြောင်ရှိတာကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်လို့သိရပါတယ်။ ကြောင်မရှိ သူတွေက ကြောင်ရှိသူတွေထက် နှလုံးရောဂါ အမောဖောက်ခြင်းဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့သိရပါတယ်။
အကြောင်းကတော့ ကြောင်တွေက စိတ်ဖိစီးမှုနဲ့ ပူပင်သောကကို လျော့ကျစေတဲ့အတွက် နှလုံးသွေးကြောရောဂါဖြစ်နှုန်းကို လျော့ပါးစေတာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top