၊ ကိုထက် ၊ အသက် ၆၅ နှစ်အရွယ် ဟေမန်ဒရာဂပ်တားဟာ အသက်ရှူရခက်ခဲပြီး ရင်ဘတ်အောင့်တဲ့ဝေဒနာကို ခံစားခဲ့ရတယ်။ သူခံစားရတဲ့ ဝေဒနာလက္ခဏာတွေက နှလုံးကျန်းမာရေးအခြေအနေကြောင့်ဖြစ်မယ်လို့ သူထင်ပြီး ဆေးသောက်နေခဲ့တယ်။ သူရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာ ပိုဆိုးလာချိန်မှာ ဆရာဝန်တွေ စမ်းသပ်လိုက်တဲ့အခါ သူ့နှလုံးနဲ့ ဘယ်ဘက်အဆုတ်ကြား ကြီးထွားနေတဲ့...
၊ ငွေကြယ်စင်ယံ ၊ လင်နဲ့မယား ကွာရှင်းပြတ်စဲကြောင်း စာရွက်ပေါ် လက်မှတ်ရေးထိုးပြီးချိန်မှာ အနှစ်နှစ် အလလ တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ရေးက ပြိုကွဲသွားပါပြီ။ အိမ်ထောင်ရေး ပြိုကွဲသွားသူတွေရဲ့ ဇာတ်လမ်းတွေကတော့ မတူကွဲပြားနေနိုင်ပေမယ့် အိမ်ထောင်ရေးပြိုကွဲမှုဟာ စိတ်ဖိစီးမှု အမြင့်ဆုံးဖြစ်စေတဲ့အကြောင်းအရာထဲမှာ ပါဝင်နေပါတယ်။ ဒါ ကြောင့်...
၊ ကိုထက် ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ချိတ်သန်ကောင်တွေရှိနေခဲ့ပြီး သွေး ၂၂လီတာခန့် စုပ်ယူခံနေရတဲ့ အသက် ၁၄ နှစ်အရွယ် ကောင်လေးကို ဆရာဝန်တွေက ကုသမှုပေးခဲ့ရတယ်လို့ နယူးဒေလီ သတင်းအရ သိရပါတယ်။ ကောင်လေးရဲ့ ကျန်းမာရေးပြဿနာကို အဖြေရှာဖို့ ရှားပါးတဲ့...
မေး ။ အာခေါင်ခြောက်တာကို ဘယ်လိုလုပ်ရမလဲမသိလို့ပါ။ ဖြစ်တာကကြာနေပါပြီ။ အခုထိမသက်သာလို့ပါ။ Thaih Thaih (Fb) ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ အာခေါင်ခြောက်ရတဲ့ အကြောင်းရင်းက နှစ်မျိုး ရှိနိုင်ပါတယ်။ တစ်ခုက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) မှတ်ဉာဏ်လျော့ပါးတဲ့ သူငယ်ပြန်ရောဂါ (Dementia) ဆိုတာ ချက်ချင်းဖြစ်တာမဟုတ်ဘဲ မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်တာ၊ သတိရှိတာ စတာတွေနဲ့ဆိုင်တဲ့ ဦးနှောက်စွမ်းရည် တဖြည်းဖြည်း လျော့ကျလာတဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒီရောဂါမဖြစ်စေဖို့ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့အညီ လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။...
မေး. ကျွန်တော်ချွေးထွက်ရင်စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နေရခက်ပါတယ်။ ကျောပြင်တစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်နေတာပါ။ လူကြားထဲကုတ်လို့လည်းမရနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဘာကြောင့်ဖြစ်ရပါသလဲဆရာ။ သက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။ ထက်နိုင်၊ ထောက်ကြန့်။ ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ဖြစ်ရတဲ့အကြောင်းရင်းကို သိဖို့လိုပါတယ်။ ဥပမာ- နေပူထဲထွက်ရလွန်းသူဆိုရင် နေပူမမိအောင် ထီးဆောင်းတာမျိုး၊ လုပ်ငန်းခွင်မှာအမှုန်အမွှားတွေနဲ့...