Healthy Life Ad
News

နယူးယောက်က အိမ်မွေးကြောင်နှစ်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အမေရိကန် အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်မွေးကြောင်လေးနှစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ရတယ်လို့ အမေရိကန်လေ့လာမှု မှတ်တမ်းတစ်ခုက ဆိုပါတယ်။ ကြောင်တွေရဲ့ အမွှေးတွေက သူတို့ပိုင်ရှင် ဒါမှမဟုတ် သူတို့လမ်းမှာတွေ့တဲ့ တခြားလူတွေဆီကပိုးကို ကပ်ငြိပြီး ကူးစက်တာဖြစ်မယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက အရာရှိတွေက ယုံကြည်ထားပါတယ်။

ဒီဖြစ်ရပ်က အမေရိကန်မှာ လူကနေ တိရစ္ဆာန်ဆီကို ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဆုံး ကူးစက်မှုဖြစ်တယ်လို့ ယူဆထားပါတယ်။ “လူတွေကို အထိတ်တလန့်မဖြစ်စေချင်ပါဘူး။ ကိုယ်ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို ကြောက်လန့်တာမျိုးလည်း မဖြစ်စေချင်ပါဘူး။ အိမ်မွေးတိရစ္ဆာန်တွေက လူတွေဆီကို ရောဂါဖြန့်နိုင်တယ်ဆိုတဲ့ သက်သေပြချက်လည်း မရှိသေးပါဘူး”လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးမှ ဒေါက်တာကေစီက ဆိုပါတယ်။

ဒါပေမဲ့ လူတွေအနေနဲ့ ကိုယ်ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို အိမ်ထဲမှာပဲထားဖို့နဲ့ လိုအပ်ရင် ကြိုးနဲ့ချည်ထားဖို့ လိုတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် COVID-19 ရောဂါရှိတဲ့ လူတွေကလည်း ဖြစ်နိုင်ရင် သူတို့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ မထိတွေ့သင့်ကြောင်း၊ ထိတွေ့တဲ့အခါ မျက်နှာကို နှာခေါင်းစည်းအုပ်တာမျိုး အကာအကွယ်ယူသင့်ကြောင်း သတိပေးထားပါတယ်။

Most Popular

Healthy Life Ad
To Top