Healthy Life Ad
Life Style

ဘုရားသခင်နဲ့ တွေ့ဆုံခဲ့တဲ့ ကောင်လေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ဘုရားသခင်ကိုတွေ့ချင်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ ဘုရားသခင်ရှိတဲ့နေရာကို အဝေးကြီးသွားရမယ်ဆိုတာ သူသိခဲ့တယ်။ ဒါကြောင့် ဖျော်ရည်နဲ့ ကွတ်ကီးမုန့်တွေ အပြည့်ထည့်ထားတဲ့ လက်ဆွဲသေတ္တာအိတ်နဲ့အတူ ဘုရားသခင်နဲ့တွေ့ဆုံဖို့ ခရီးရှည်ကို စတင်ခဲ့ပါတယ်။ ခဏကြာတော့ အဘွားအိုတစ်ယောက်ကို သူတွေ့ခဲ့ပါတယ်။ အဘွားအိုက ခိုလေးတွေကို ငေးကြည့်ရင်း ပန်းခြံထဲမှာ ထိုင်နေခဲ့တာပါ။

ကောင်လေးလည်း အဘွားဘေးဝင်ထိုင်ပြီး သူ့လက်ဆွဲသေတ္တာကို ဖွင့်ခဲ့ပါတယ်။ ပြီးတော့ ဖျော်ရည် တစ်ပုလင်းတိုက်တော့ အဘွားက ဆာလောင်နေဟန်ရှိတာနဲ့ ကွတ်ကီးတစ်ထုပ်ကျွေးခဲ့ပါတယ်။ အဘွားက ကျေးဇူးတင်ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး သူ့ကိုပြုံးကြည့်ခဲ့ပါတယ်။ အဘွားအပြုံးက လှလွန်းလို့ ကောင်လေးက အဲဒီအပြုံးကို ထပ်ပြီးမြင်ချင်တာနဲ့ ဖျော်ရည်တစ်ပုလင်းနဲ့ မုန့်ထပ်ပေးပါတယ်။ အဘွားကစားရင်း ပြုံးပြီးထပ်ကြည့်ပြန်ပါတယ်။ သူတို့ စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။

မှောင်လာတဲ့အခါ သူပင်ပန်းနေပြီလို့ ကောင်လေးသဘောပေါက်သွားခဲ့တယ်။ ထိုင်ရာက ထရပ်ပြီး ခြေလှမ်းအနည်းငယ်ပဲ လှမ်းပြီးချိန်မှာ အဘွားအိုဆီပြန်ပြေးပြီး ပွေ့ဖက်ခဲ့တယ်။ အဲဒီအချိန်မှာ အဘွားအိုက အရင်ကထက်ပိုပြီး လှပကြီးမားတဲ့ အပြုံးမျိုး ပြုံးပြခဲ့တယ်။

ကောင်လေးအိမ်ပြန်ရောက်တော့ သူ့မေမေက အံ့အားသင့်နေခဲ့တယ်။ ကောင်လေးက သိပ်ကိုပျော်ရွှင်ချမ်းမြေ့နေဟန်မျိုးနဲ့ . .
“သားကို ဒီနေ့ ဘယ်အရာက ပျော်ရွှင်စေခဲ့သလဲ”

“သား ဘုရားသခင်နဲ့အတူ နေ့လယ်စာစားခဲ့တယ် မေမေ. . မေမေသိလား . .သူက ကျွန်တော်တွေ့ဖူးသမျှထဲမှာ အလှဆုံး အပြုံးပိုင်ရှင်ပဲ”

ပျော်ရွှင်နေတဲ့ အဘွားအိုကလည်း အိမ်ကိုပြန်လာခဲ့ပါတယ်။ သူ့သားဟာ မိခင်မျက်နှာပေါ်က ငြိမ်းချမ်းမှုကို တွေ့ရတော့-

“မေမေ့ကို ဒီနေ့ ဘယ်အရာက ပျော်ရွှင်စေခဲ့သလဲ”

“မေမေ ဒီနေ့ ဘုရားသခင်နဲ့အတူ ကွတ်ကီးမုန့်တွေ စားခဲ့တယ် . .သားသိလား . .သူက မေမေထင်တာထက် အများကြီးငယ်သေးတာပဲ”

မှတ်ချက် ။ ။ ဘုရားသခင်ဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ပျော်ရွှင်မှု၊ အပြုံးနဲ့စေတနာ၊ မေတ္တာတွေ မျှဝေနိုင်ရုံနဲ့ သင်တွေ့နိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top