Healthy Life Ad
Life Style

နံရံရဲ့ တခြားဘက်မှာ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မိန်းကလေးတစ်ဦးဟာ အဘွားဆီက လှပတဲ့ ဥယျာဉ်ခြံမြေကိုအမွေရလိုက်ပါတယ်။ မိန်းကလေးက သစ်ပင်ပန်းမန်စိုက်ပျိုးရတာကို သဘောကျ နှစ်ခြိုက်ပြီး သူ့ဥယျာဉ်လေးအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်သူပါ။ တစ်နေ့ကတော့ ကတ်တလောက်ထဲမှာ အလွန်လှပတဲ့သစ်ပင်လေးတစ်ပင်ကို မိန်းကလေးမြင်ပြီး သူ့ဥယျာဉ်ခြံမြေမှာစိုက်ပျိုးချင်စိတ် ပြင်းပြနေပါသတဲ့။ အဲဒီသစ်ပင်ကို မှာယူပြီး နောက်ဖေးခြံရဲ့ အုတ်နံရံနားမှာ ကပ်ပြီး စိုက်လိုက်ပါတယ်။ သစ်ပင်လေးကို အလွန်ဂရုတစိုက်ပျိုးထောင်ပေးတာကြောင့် သိပ်မကြာခင်မှာပဲ သစ်ပင်ကြီးက လျင်လျင်မြန်မြန်ကြီးထွား သန်စွမ်းပြီး လှပတဲ့သစ်ရွက်စိမ်းတွေ ဝေဆာနေတာပေါ့။

လပေါင်းများစွာ ဖြတ်ကျော်လာခဲ့ပေမယ့် အဲဒီသစ်ပင်က ပန်းပွင့်လေး တစ်ပွင့်တလေတောင် မဖူးပွင့်ရှာဘူး။ စိတ်တိုနေရှာတဲ့ မိန်းကလေးက သစ်ပင်ကို ခုတ်လှဲပစ်ချင်စိတ်တောင်ဖြစ်နေခဲ့လေတယ်။

အဲဒီအချိန်မှာ တစ်ဖက်အိမ်နီးချင်းက ပြောတယ်။

“ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေးရေ၊ လှပတဲ့ ပန်းတွေအတွက် ကြည်နူးပီတိ ဖြစ်ရလွန်းလို့ မိန်းကလေးကို ကျေးဇူးတင်လှပါရဲ့”

အသံကြားတော့ မိန်းကလေးဟာ အိမ်နီးချင်း ရဲ့ အုတ်နံရံဘက်ဆီ ပြေးသွားကြည့်လိုက်တဲ့အခါ သစ်ပင်ကနေ ဝေဆာပွင့်ဖူးနေတဲ့ အလှဆုံး ပန်းပွင့်တွေကို မြင်တွေ့လိုက်ရတယ်။ သူစိုက်ပျိုးထားတဲ့ သစ်ပင်က သူမမြင်နိုင်ပေမယ့် နံရံရဲ့ တစ်ဖက်မှာအလှဆုံး၊ အလန်းဆုံး ပွင့်လန်းနေရှာပါ့လား။ မိန်းကလေးကျေနပ်ပီတိဖြစ်သွားရှာတယ်။

ကိုယ်ပြုလိုက်တဲ့ ကောင်းကျိုးတွေက ကိုယ်မသိတဲ့နည်းနဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်နေပါတယ်လို့ ဒီစာစုက ဥပမာပေးထားတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top