Healthy Life Ad
Life Style

မြေခွေးနဲ့ စပျစ်သီး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပူပြင်းတဲ့ နွေနေ့တစ်ရက်မှာ မြေခွေးတစ်ကောင်က စပျစ်ခြံထဲရောက်လာပြီး ဝင်းမှည့်နေတဲ့ စပျစ်ခိုင်တစ်ခိုင်ကို မြင်တွေ့လိုက်ရပါတယ်။

“ဒီစပျစ်ခိုင်ကြီးသာ စားလိုက်ရရင် ရေဆာနေတာ တော်တော်ပြေသွားမှာပဲ”လို့ သူတွေးလိုက်တယ်။

စပျစ်ခိုင်ဆီရောက်ဖို့ သူနောက်ပြန်ဆုတ်တယ်၊ ပြေးတယ်၊ ခုန်တယ်။ ဒါပေမဲ့ စပျစ်ခိုင်ဆီ မရောက်ခင် လဲကျသွားခဲ့တယ်။ အဲဒီစပျစ်ခိုင်ကို ခူးဆွတ်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပေမယ့် အချည်းနှီးပဲ။ နောက်ဆုံးမှာတော့ သူစွန့်လွှတ်လိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်တယ်။

“မရတာပဲ ကောင်းပါတယ်ကွာ၊ ဒီစပျစ်သီးတွေက ချဉ်မှာပါလေ”

ဒီပုံပြင်ကို ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ လောကမှာ ကိုယ်လိုချင်တာကို မရတဲ့အခါ အဲဒီမရတဲ့ အရာအပေါ် မကောင်းပြောလေ့ရှိကြပါတယ်။ အဲဒီအခါ “စပျစ်သီး ချဉ်တယ်”လို့ ပြောစမှတ်ပြုကြပါတယ်။ ကိုယ့်အတွက် စိတ်ပြေရာပြေကြောင်းဖြစ်ပေမယ့် အဲဒီမရတဲ့အရာက သက်ရှိဖြစ်နေတဲ့အခါ တစ်ဖက်သား နစ်နာသွားမလားဆိုတာကိုတော့ စာနာစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top