Healthy Life Ad
Health Tips

အပူဒဏ်နှင့် ပတ်သက်၍ သိမှတ်ဆင်ခြင် ဖွယ်ရာများ

– ကိုယ်အပူချိန်တက်ပါက ရေအေးဖတ်နိုင်နိုင် တိုက်ပါ။

– ဆီးချို၊ နှလုံးနှင့် သွေးတိုးရောဂါရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရနေရာမျိုး၌ နားနေပါ။

– နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။

– နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။

– အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ပြသပါ။

– နေ့ခင်းဖက် အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာရရှိနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းပါ။

– နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်နား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရအေးမြသော နေရာများတွင် နေပါ။

– ပွပွချောင်ချောင် အဝတ်အထည်များကို ဝတ်ဆင်ပါ။

– အလင်းရောင်ပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အဝတ်အထည်များကို ဝတ်ဆင်ပါ။

– မိတ်ဖု၊ ယားနာများထွက်ပါက ရေးအေးဝတ် ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။

– ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိရေနှင့် ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည် သောက်ပါ။

– အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ် ဖြစ်ပေါ်လွယ်စေခြင်းနှင့်ဖြစ်ပွားပါက ပြင်းထန် စွာခံစားရခြင်းကြောင့် ရှောင်ကြဉ်သင့်ပါသည်။

(ကိုးကား-ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ထုတ်ပြန်ချက်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top