Healthy Life Ad
Life Style

စိတ်ခံစားမှုပိုမိုကောင်းမွန်စေမည့် ရိုးစင်းသောယောဂကျင့်စဉ်

၊ သဒ္ဒါထက် ၊

ယောဂကျင့်တာကြောင့် စိတ်ခံစားမှုကောင်းမွန်ပြီး ကိုယ်နေဟန်ကြည့်ကောင်းကာ စိတ်ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။ ယောဂကျင့်စဉ်က နေ့စဉ်ဘဝမှာ အရေးပါတဲ့ ကျင့်စဉ်ဖြစ်ပြီး ပင်လယ်ကမ်းခြေနဲ့ နေသာတဲ့နေရာမှာ ၁၅ မိနစ်လောက်ကျင့်ပေးရင် ကိုယ်နေဟန်ကို လှပစေမှာဖြစ်ပါတယ်။

– လင်းပိုင်ပုံကျင့်စဉ်

ယောဂဖျာပေါ်မှောက်အိပ်ပြီး လက်မောင်းနှစ်ဖက်ဆန့်တန်းကာ ဦးခေါင်းကိုထောက်ပေးပါ။ လက်မောင်းတွေကို ဖြောင့်ဖြောင့်ထားပြီး ခါးနောက်ကျောနဲ့ ခြေတံတွေကို ဖြောင့်တန်းစွာထားရပါမယ်။ တင်ပါးကိုသာမြှင့်လိုက် ပြန်ချလိုက်လုပ်ပေးပါ။ ဒီကျင့်စဉ်လုပ်နေချိန်မှာ ၁ကနေ ၁၀အထိမှတ်ရင်း အသက်ပြင်းပြင်းရှူသွင်းပေးပါ။

– အောင်နိုင်သူဟန်ပန်ကျင့်စဉ် (၁)

ခြေထောက်နှစ်ချောင်းကို တင်ပါးအကျယ်ထက် ပိုချဲကာရပ်ပေးပါ။ ညာဘက်ခြေချောင်းတွေကို အပြင်ဆန့်ထုတ်ပြီး ဘယ်ဘက်ခြေချောင်းတွေကို ၄၅ ဒီဂရီအနေအထားနဲ့ အတွင်းဘက်ထားပါ။ ဘယ်ဘက်ပေါင်တံကို ကြမ်းပြင်နဲ့အပြိုင်ဖြစ်အောင်ထားပြီး ညာဘက်ခြေထောက်ကို ဖြောင့်ဖြောင့်ဆန့်ထုတ်ပေးပါ။
လက်မောင်းတွေကို ပခုံးနေရာကနေ အပြင်ဘက်သို့ဆန့်ထုတ်ပြီး ဆန့်တန်းလိုက်ပါ။ ဒီအနေအထား လုပ်ဆောင်ချိန်မှာ ၁ကနေ ၁၀အထိမှတ်ရင်း အသက်ပြင်းပြင်းရှူသွင်းပေးပါ။

– တြိဂုံပုံကျင့်စဉ်

ခြေထောက်တွေကို တင်ပါးအကျယ်ထက် ပိုချဲပြီးမတ်မတ်ရပ်ပါ။ ဘယ်ဘက်ခြေချောင်းတွေကို အပြင်ဖြန့်ထုတ်ရင်း ညာဘက်ခြေချောင်းတွေကို ၄၅ ဒီဂရီ အနေအထားနဲ့နေပါ။ ခြေထောက်နှစ်ဖက်စလုံးကို ဖြောင့်ဖြောင့်ထားပြီး တင်ပါးကို ဘယ်ဘက်ခြေထောက်ဆီကွေးချလိုက်ပါ။ ညာဘက်လက်ကို ဆန့်တန်းရင်း ညာဘက်ခြေသလုံးပေါ်တင်ကာ ဘယ်ဘက်လက်မောင်းကိုဆန့်ထုတ်ကာ အပေါ်ကိုမော့ကြည့်လိုက်ပါ။ ဒီအနေအထားလုပ်ဆောင်ချိန်မှာ ၁ကနေ ၁၀ အထိမှတ်ရင်း အသက်ပြင်းပြင်းရှူသွင်းပေးပါ။ နောက်တစ်ဖက်ပြောင်းလုပ်ပါ။

– အောင်နိုင်သူဟန်ပန်ကျင့်စဉ် (၂)

ညာခြေထောက်ကိုထောက်ပြီး ဘယ်ခြေထောက်ကို နောက်ဘက်ဆန့်ထုတ်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ဘယ်ခြေထောက်က ကြမ်းပြင်နဲ့အပြိုင်ဖြစ်နေဖို့လိုပါတယ်။
လက်နှစ်ဖက်ကို နှလုံးနေရာမှာထားပြီး ချက်နေရာဆီဆွဲကာထားပါ။ ဒီအနေအထားလုပ်ဆောင်ချိန်မှာ ၁ကနေ ၁၀အထိ မှတ်ရင်း အသက်ပြင်းပြင်းရှူသွင်းပေးပါ။

– ခိုပုံကျင့်စဉ်

ကြမ်းပြင်ပေါ်ထိုင်ရင်း ညာဘက်ဒူးကို ပေါင်အတွင်းဆီကွေးကာ ဘယ်ခြေထောက်ကို နောက်ဘက်ဆန့်ထုတ်ပါ။ လက်နှစ်ဖက်ကိုဆန့်တန်းပြီး ရှေ့ဘက်မှာထောက်ကာခန္ဓာကိုယ် အပေါ်ပိုင်းကိုကော့ပြီး ခပ်မတ်မတ်နေပါ။ ဒီအနေအထားလုပ်ဆောင်ချိန်မှာ ၁ကနေ ၁၀အထိမှတ်ရင်း အသက်ပြင်းပြင်းရှူသွင်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top