Healthy Life Ad
Health Tips

ည ည ကောင်းကောင်း အိပ်မပျော်ဘူးလား

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူအများစုက တစ်ညမှာ ၅-၉နာရီ ခန့် အိပ်စက်ချိန်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝတာက လူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုကိုလျော့ကျစေပြီး စိတ်ပင်ပန်းတာနဲ့ လူပင်ပန်းတာကို ဖြစ်စေနိုင်ပါတယ်။ အိပ်မပျော်တာက စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှု၊ ပူပင်သောကများတာ၊ ကျန်းမာရေးမကောင်းတာနဲ့ စိတ်ကျန်း မာရေးထိခိုက်တာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

– နေ့ခင်းဘက်မှာ အချိန်ကြာကြာအိပ်စက်တာကို ရှောင်ပါ။ နေ့ခင်းဘက်မှာ တစ်မှေးမကဘဲ အချိန်အကြာကြီးအိပ်စက်လိုက်ရင် ညဘက်မှာ အိပ်မပျော်တတ်ပါဘူး။

– နေ့တိုင်း အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို တစ်ချိန်တည်း သတ်မှတ်ထားပါ။

– အိပ်မပျော်ရင် အပန်းပြေစေမယ့် လုပ်ဆောင်မှုတစ်ခုခုကို လုပ်ဆောင်ပြီး မိနစ် ၃၀လောက်ကြာမှ အိပ်ချင်စိတ်ပေါ်လာချိန်မှာ အိပ်စက်အနားယူပါ။

– အယ်လ်ကိုဟော၊ ကဖင်းနဲ့ တခြား အိပ်မပျော်အောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေကို အိပ်ရာမဝင်ခင်မှာ မမှီဝဲပါနဲ့။

– အိပ်ခန်းက လေဝင်လေထွက်ကောင်း နေပါစေ။ အခန်းအပူချိန်ကို သက်သောင့် သက်သာရှိအောင်ထားပါ။ အလင်းရောင် အများကြီးမဝင်ပါစေနဲ့။

– အိပ်မပျော်တဲ့ ဝေဒနာက တစ်လထက် ပိုကြာနေရင် ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top